နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့အတူ PDF ထံ အလင်းဝင်

ပဲခူးတိုင်း၊ ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သားတဦးဟာ လက်နက်၊ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်ရောက်လာတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၁ YOMA GBK အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


အလင်းဝင်ရောက်လာသူဟာ ဇီးကုန်းမြို့မရဲစခန်းက ရဲတပ်သား ဇင်ထက်အောင် ဖြစ်ပြီး ညီဖြစ်သူ PDF ရဲဘော်နဲ့ ချိတ်ဆက် CDM ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၅ ရက်နေ့က ဇနီးသည်နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။


BA 64 စက်သေနတ်ကလေး (G 4) ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကျည်ဆံ ၁၂ဝ တောင့်ကျော်နဲ့အတူ အလင်းဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကျပ် သိန်း ၃၀ ကို ချီးမြှင့်ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။
အလင်းဝင် CDM ရဲဇနီးမောင်နှံကို လုံခြုံတဲ့နေရာကိုပို့ဆောင်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူမှာ မြို့နယ်ပအဖတံဆိပ်တုံး အတုလုပ်တာနဲ့ အခွန်ငွေအလွဲသုံးစားပြုလုပ်တဲ့ အခွန်အရာရှိ (၇)ဦးကို ဖမ်းဆီး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 0 Views
‌နိုဝင်ဘာလ (၃)ရက်။ ကန့်ဘလူမြို့မှာ မြို့နယ်ပအဖတံဆိပ်တုံးအတုပြုလုပ်တာနဲ့ အခွန်ငွေအလဲသုံးစားပြုလုပ်မှုနဲ့ မြို့နယ်အခွန်အရာရှိ မြင့်ကျော်(ခ)အာခိုင်အပါအဝင် အခွန်အရာရှိ (၇)ဦးကို မြို့နယ်နဲ့ ခရိုင်ပအဖက ဖမ်းဆီးထားတယ်လို့
မြန်မာသတင်း

“တရုတ်ဖိအားနဲ့ပြောင်းလဲသွားတဲ့တော်လှန်ရေး”

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 45 Views
အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်ကြည့်ခြင်း (၁၉) ခေတ်မျက်လုံးရဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကို လေ့လာသုံးသပ်တင်ပြလာတာအခုဆိုရင် (၁၉) ကြိမ်မြောက် ရှိလာပါပြီ။ ဒီအပတ်တနင်္ဂနွေနေ့မှာ ဆွေးနွေးတင်ပြမဲ့ အကြောင်းအရာ ကတော့
မြန်မာသတင်း

တလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၅၀)နီးပါး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 54 Views
နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလထဲ တအာင်းပြည်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ပြည်သူ (၄၉)ဦး သေဆုံးခဲ့ရတယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တအာင်းပြည်ထဲ စစ်တပ်ရဲ့ လေကြောင်းအပါအဝင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် သေဆုံးသူထဲ
မြန်မာသတင်း

ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံထားရသူ (၈၈)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 53 Views
ရွေးကောက်ပွဲ နှောင့်ယှက်သူတွေကို ဆက်လက်ဖမ်းဆီးဖို့ စစ်ကော်မရှင်ညွှန်ကြားထား ‌နိုဝင်ဘာလ (၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့အထိ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၈၈)ဦးအထိရှိပြီလို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာအစည်းအဝေးရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲ
မြန်မာသတင်း

တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို စစ်တပ်က အရေးပေါ်အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ကြေညာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 49 Views
‌နိုဝင်ဘာလ (၁)ရက်။ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆက်လက်ကြေညာထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းနဲ့ပြည်နယ်တွေက မြို့နယ်တွေကို အရေးပေါ်အခြေအနေ ကြေညာတဲ့အမိန့်ကို မနေ့ကစပြီး ရက်ပေါင်း (၉၀)အထိ
မြန်မာသတင်း

ရန်ကုန်ရှိ စစ်တပ်ရဲ့ ရွှေပေါက္ကံနယ်မြေရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 35 Views
နိုဝင်ဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန် မြောက်ဥက္ကလာပမြို့ရှိ ‌စစ်တပ်လက်အောက်ခံ ရွှေပေါက္ကံနယ်မြေရဲစခန်းကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army(YA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၀)နာရီ (၁၇)မိနစ်အချိန်မှာ
မြန်မာသတင်း

ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 1 ရက်
  • 17 Views
အောက်တိုဘာလ (၃၁)ရက်။ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၈)နာရီခန့်က ညောင်ဦးမြို့ ငါ့သရောက်ရဲစခန်းကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၀၀)ကျော်နဲ့ ငါ့သရောက်ရဲစခန်းကနေ အိုရင်းရွာဘက်ကို
မြန်မာသတင်း

ရခိုင်ရှိ မြို့နယ်တွေကို စစ်တပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး (၃၂)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 58 Views
အောက်တိုဘာလ (၃၁)ရက်။ ရခိုင်ရှိ စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ ပေါက်တောနဲ့ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေရွာကို စစ်တပ်က လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ