နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြန်မာနိုင်ငံတွင် အွန်လိုင်းဈေးရောင်းဝယ်မှုများအတွက် e-commerce လမ်းညွှန်ချက် ထုတ်ပြန်ဟုဆို

အွန်လိုင်းဈေးရောင်းဝယ်မှုများအပါအဝင် အင်တာနက်ကတဆင့် ကုန်သွယ်မှုနဲ့ ဝန်ဆောင်မှုများ ရောင်းချနေတဲ့ လုပ်ငန်းအားလုံးအတွက် e-commerce လမ်းညွှန်ချက် ထုတ်ပြန်ခဲ့ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။


အွန်လိုင်းပေါ်က ရောင်းချမှု အပါအဝင် ကုန်စည်ထုတ်လုပ်မှုနဲ့ ရောင်းချမှု ကွင်းဆက်အားလုံးမှာ e-commerce အကျုံးဝင်ရန် သတ်မှတ်ထားတဲ့ စည်းကမ်းချက်များဖြစ်တယ်လို့ ဆိုပါတယ်။ အွန်လိုင်းဝန်ဆောင်မှု အသုံးပြုသူ အားလုံးလိုက်နာရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

e-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းများကို ထုတ်ပြန်ခြင်းဟာ ဥပဒေတစ်ရပ်အဖြစ် ကျင့်သုံးပြဋ္ဌာန်းနိုင်ခြင်းမရှိသေးချိန်မှာ ကနဦးအဆင့် လိုက်နာရမယ့် စည်းကမ်းချက်များဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ e-commerce လုပ်ငန်းများ အတွက်လမ်းညွှန်ချက် (guideline) မှာ ဖော်ပြထားပါတယ်။

E-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်မှာ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေအတွက် ဝယ်ယူသူနဲ့ ရောင်းချသူအကြား အငြင်းပွားမှု ပြဿနာများအပေါ် မှာ အခြေခံလိုက်နာရမယ့် စည်းမျဉ်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


လက်ရှိထုတ်ပြန်တဲ့ e-commerce လုပ်ငန်းများအတွက် လမ်းညွှန်ချက်စည်းကမ်းတွေက မြန်မာနိုင်ငံမှာ ပထမဆုံးထုတ်ပြန်ခြင်းဖြစ်ပြီး မကြာမီထုတ်ပြန်လာမယ့် အွန်လိုင်းရှော့ပင်း မှတ်ပုံတင်လုပ်ငန်းများအားလုံး လိုက်နာကျင့်သုံးရမှာဖြစ်ကြောင်း သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေကို သင့်လျော်သလို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြင်ဆင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် အွန်လိုင်းရောင်းချမှုများ၊ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်များ ရောင်းချနေတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ အီလက်ထရောနစ်နည်းလမ်းနဲ့ ကူးသန်းရောင်းဝယ်ခြင်းလမ်းညွှန် (e-commerce guidelines) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် www.commerce.gov.mm မှာ လေ့လာဖတ်ရှုနိုင်ကြောင်း သိရပါတယ်။ ထပ်မံပြီးကြပ်မတ်မှုများ၊ အရေးယူဆောင်ရွက်မှုများ ရှိလာမယ်လို့လည်း ဆိုပါတယ်။


အွန်လိုင်းကတဆင့်ရောင်းချတဲ့လုပ်ငန်းတွေအတွက် ငွေပေးချေမှုစနစ်များ၊ ကြော်ငြာစည်းကမ်းချက်များ၊ မူပိုင်ခွင့်များ၊ လိမ်လည်ရောင်းချမှုနဲ့ လိမ်လည်ဝယ်ယူမှုများ၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ စည်းကမ်းများ အပါ အဝင် ကုန်သွယ်ရေးနည်းလမ်းများအားလုံးအတွက် စည်းမျဉ်းတွေ ထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်းဈေးရောင်းဝယ်မှုတွေကို ပိုမိုတင်းကျပ်လာနိုင်ဖွယ်ရှိတယ်လို့ အွန်လိုင်းဈေးရောင်းနေတဲ့ ရန်ကုန်ဒေသခံတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို