နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မျိုးဆက်သစ်လူထုကြီးက ဘယ်တော့မှ အာဏာရှင်ကို ဒူးမထောက်ဘူးလို့ NUG ပြော

မျိုးဆက်သစ်လူထုကြီးက ဘယ်တော့မှ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်ဘူးလို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ကြောင်း သိရပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဦးဆောင်ကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ မျိုးဆက်သစ်လူထုကြီးက ဘယ်တော့မှ အာဏာရှင်တွေကို ဒူးထောက်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ ကျနော်တို့ရဲ့ ဒီမိုကရက်တစ်ပြည်သူ့ခေါင်းဆောင်‌တွေဟာလည်း အာဏာရှင်စနစ် မြန်မာ့မြေပေါ်က အပြီးတိုင်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ကြဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်ကြပါတယ်” လို့ ၎င်းက ပြောပါတယ်။

ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ မျိုးဆက်သစ်တွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ကြိုးပမ်း ဆောင်ရွက်နေကြချိန် မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေကတော့ သူတို့ရဲ့အနာဂတ်တွေကို အကြမ်းဖက် စစ်အာဏာရှင်လက်က ပြန်တိုက်ယူနေရတဲ့အချိန်ဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ‌ထပ်မံပြောကြားခဲ့ပါတယ်။

ဒါ့ပြင် အခုလက်ရှိ အာဏာရှင်စနစ်ရဲ့ အမှောင်ထုကြီးဟာ နောက်ဆုံး အမှောင်ထုကြီးသာဖြစ်မယ်လို့ အပြည့်အဝယုံကြည်ကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ခိုင်မာမြဲမြံစွာ တည်ဆောက်ကြတော့မယ့် အလင်းရောင်ကို စတင်မြင်နေရပြီလို့ ပြည်ထောင်စု၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတွေကို ဘက်ပေါင်းစုံကနေ မြှင့်တင်ကြဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလက တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကိုင်းမှာ ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က မန္တလေး-မုံရွာ-ရွှေဘိုလမ်းမှာ ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

KNDF နဲ့ အင်းလေးPDF အပါအဝင် PDF (၂၄)ဦး အလင်းဝင်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 10 Views
အင်းလေးPDF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်ဆိုတာ သတင်းအမှားလို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ KNDF နဲ့ အင်းလေးPDF အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၄)ဦး
မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 28 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 24 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို
မြန်မာသတင်း

အုတ်တွင်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅၀)ဦးခန့်သေဆုံးကာ တပ်ပျက်ထွက်ပြေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 28 Views
ဇန်နဝါရီလ (၃၁)ရက်။ အုတ်တွင်းမြို့မှာ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၅၀)လောက်နဲ့ တိုင်းဗဟို(၆) အမြှောက်တပ်ကနေ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို အုတ်တွင်း-ပေါက်ခေါင်းလမ်းမှာ