နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကြာအင်းဆိပ်ကြီးမှာ စစ်တပ်နဲ့ BGF တို့ တိုက်ခိုက်ခံရပြီး ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် (၁၀) ဦး သေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ကို တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၁၄) ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ တပ်မ (၄၄)၊ တပ်မ (၂၂) နဲ့ BGF အပါ အင်အား (၇၀) ဝန်းကျင်ခန့်ကို KNLA နဲ့ PDF 9903 နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နံနက် (၇) နာရီ (၁၅) မိနစ်ခန့်မှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး နံနက် (၁၀) နာရီ (၃၀) မိနစ်ဝန်းကျင်မှာ တိုက်ပွဲပြီးဆုံးခဲ့ကာ စစ်တပ်ဘက်က အထိနာတာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က Mi-35 လေယာဉ်နဲ့ (၂၅) မိနစ်ခန့် လာရောက်ပစ်ခတ်ခဲ့သလို အဘစ်ရွာအမြောက်တပ်က (၁၂၂) မမ ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅)လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီး (တပ်ရင်းမှူး) ဟာ KNLA/PDF ပူးပေါင်းတပ်ဘက်က ပစ်ခတ်လိုက်တဲ့ စနိုက်ပါကျည်နဲ့ သေဆုံးခဲ့ပြီး BGF တပ်ခွဲမှူးအပါအဝင် တပ်သား(၁၀) ဦးထက်မနည်း သေဆုံးကာ (၇) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ PDF 9903 နဂါးနီစစ်ကြောင်းက ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 4 Views
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ထပ်မံကြေညာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 5 Views
အောက်တိုဘာလ (၁)ရက်။ စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မောင်တောမှာ ARSA က သတ်ဖြတ်ထားတဲ့ ရွာသား(၆)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 5 Views
အောက်တိုဘာလ (၁)ရက်။ ‌စက်တင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီအချိန်ခန့်က မောင်တောမြို့ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက်ရှိ ငှက်ပျောတောအုပ်ထဲမှာ ရုပ်အလောင်း (၆)လောင်းကို တွေ့ရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငှက်ပျောတောအုပ်ထဲ ရုပ်အလောင်းတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေး တိုးမြှင့်ပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 6 Views
အောက်တိုဘာလ (၁)ရက်။ အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအပါအဝင် နေ့စားဝန်ထမ်းတွေကို အခုလကစပြီး အပိုထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့
မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 50 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကျောက်မဲမြို့ထဲကို စကစက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ကြဲချ‌တိုက်ခိုက်နေတာ၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးတာတွေရှိတယ်။
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 47 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ
မြန်မာသတင်း

ရန်ကုန် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 49 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန် ရန်ကုန်တိုင်း ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗဟန်းရဲစခန်းကို အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာနဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့