နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

တိုက်ပွဲကြောင့် ရဲစခန်းကထွက်ပြေးရင်း ဖမ်းမိခဲ့တဲ့ စစ်ကောင်စီမိသားစုဝင်တွေကို ဒီမော့ဆို-PDF ပြန်လွှတ်ပေး

တိုက်ပွဲကြောင့် ရဲစခန်းကနေ ထွက်ပြေးတိမ်းရှောင်ရင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီမိသားစုဝင်တွေကို ဒီမော့ဆို-Local PDF က ဒီကနေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


ဇွန်လ (၁၆) ရက်နေ့က မယ်စဲ့ရဲစခန်း မသိမ်းမီအချိန် ဒီမော့ဆို-Local PDF တပ်ဖွဲ့က မြို့အတွင်း ကင်းလှည့်နေစဉ် ရဲစခန်းကနေ စစ်ကောင်စီတပ်မိသားစုနဲ့ ရဲမိသားစု စုစုပေါင်း (၉) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေထဲက ရဲတပ်ကြပ်ကြီးဇနီးကို သူမရဲ့ အမျိုးသားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူနဲ့ပူးပေါင်းနိုင်ဖို့အတွက် CDM ပြုလုပ်ဖို့ သူမတို့ကိုယ်တိုင် စခန်းအထိ (၂) ကြိမ်တိုင်တိုင် သွားရောက်စာပို့ခဲ့ပေမယ့် ပေးစာကိုသာ လက်ခံခဲ့ပြီး သူမတို့ရဲ့ အမျိုးသားတွေနဲ့ တွေ့ခွင့်မပြုခဲ့ဘူးလို့ ပြောဆိုထားပါတယ်။


ဖမ်းဆီးခံရပြီး တပတ်ကျော်အကြာ ဇွန်လ (၂၃) ရက်မှာ ကရင်နီပူးပေါင်းတော်လှန်ရေးအင်အားစုတွေက မယ်စဲ့ရဲစခန်းနဲ့ မယ်စဲ့တောင်ပေါ်တပ်စခန်းကို ဝင်ရောက်ချိန်မှာတော့ သူမတို့ရဲ့အမျိုးသားတွေအားလုံး သေဆုံးသွားတာကို သိရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မိသားစုတွေက စခန်းကို ပြန်မပို့ရန် တောင်းဆိုတာကြောင့် လုံခြုံတဲ့နေရာမှာ ထိန်းသိမ်းထားခဲ့ပြီး စက်တင်ဘာလ (၁၈) ရက်နေ့မှာ နေရပ်ပြန်လိုတယ်လို့ တောင်းဆိုလာတဲ့အတွက် သူတို့ရဲ့ဆန္ဒအရ လမ်းစရိတ် (၅၀၀၀၀) ကျပ်နဲ့အတူ လုံခြုံတဲ့နေရာတစ်ခုကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒီမော့ဆို-Local PDF က ပြောပါတယ်။


၎င်းတို့ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကာလအတွင်း ခြိမ်းခြောက်တာ၊ ရိုက်နှက်တာ၊ နှိပ်စက်တာတွေ လုံးဝမပြုလုပ်ဘဲ လိုအပ်တဲ့ အစားအစာ၊ အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေကို တပ်ဖွဲ့နဲ့အတူ တန်းတူထားရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 10 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 18 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 49 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 50 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ