နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 12 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ကောင်စီတပ်သားနှစ်ဦး အဖမ်းခံရတဲ့ တောင်ငူက ဒေသခံ ၂ ထောင်ခန့် ထွက်ပြေးနေရ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းဆီးခံရပြီးနောက် စက်တင်ဘာလ (၁၄) ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာ (၂) ရွာကို မီးရှို့ခဲ့ပါတယ်။

မီးရှို့မှုကြောင့် ဒေသခံ ၂ ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။

စက်တင်ဘာလ (၁၁) ရက်နေ့က တောင်ငူ-သံတောင်လမ်းမှာရှိတဲ့ ခလရ ၃၉ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးက မိသားစုတွေရှိတဲ့ ရှမ်းပြုံးချောင်းကျေးရွာကို အလည်ရောက်နေချိန် စက်တင်ဘာလ (၁၃) ရက်နေ့မှာ နယ်မြေခံတော်လှန်ရေးအဖွဲ့က ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ်သား (၂) ဦး ဖမ်းဆီးခံရတဲ့ နောက်နေ့ ၁၄ ရက်နေ့ မနက်မှာ မီးစတင်ရှို့ခဲ့တာကြောင့် ရှမ်းပြုံးချောင်က လူနေအိမ် (၄) လုံးနဲ့ စပါးကျီ ၃လုံး၊ ကယားပြုံးချောင်းက နေအိမ် (၇) လုံးတို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က အခုလို မီးရှို့တာကြောင့် ရှမ်းပြုံးချောင်း၊ ကယားပြုံးချောင်း၊ ရေဆင်းကုန်း၊ အရှေ့ရွာ၊ အနောက်ရွာတွေက ဒေသခံ ၂ ထောင်ခန့်ဟာ ဘေးလွတ်ရာနေရာတွေဆီကို အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးနေရတာဟာ စက်တင်ဘာလ (၁၉) ရက် ဒီနေ့အထိ ရှိနေပြီဖြစ်တာကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးပစ္စည်းတွေ လိုအပ်နေကြပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ဘေးသင့်ပြည်သူတွေအတွက် တအာင်းပြည်ထဲ အလှူငွေကောက်ခံရာ ငွေကျပ် သိန်းပေါင်း(၄၀၀၀)ကျော်ရရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 1 Views
ဧပြီလ (၁၂)ရက်။ ငလျင်ဘေးသင့်ပြည်သူ‌တွေအတွက် တအာင်းပြည်ထဲ အလှူငွေကောက်ခံခဲ့ရာ ငွေကျပ် သိန်းပေါင်း (၄၀၀၀)ကျော် ရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတခုကို အပြီးသတ်ချေမှုန်းနိုင်ခဲ့တယ်လို့ ABSDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 1 Views
ဧပြီလ (၁၂)ရက်။ မနေ့က ကလေးမြို့နယ်ရှိ စစ်ကောင်စီရဲ့ ကြံသာရွာအခြေစိုက်တပ်စခန်းကို အပြီးသတ်ချေမှုန်းရှင်းလင်းခဲ့တယ်လို့ ABSDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာများပြားခဲ့တဲ့ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ပြုလုပ်ဖို့ စစ်ကောင်စီပြင်ဆင်

  • 2025 ခုနှစ်၊ ဧပြီလ 12 ရက်
  • 1 Views
ဧပြီလ (၁၂)ရက်။ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာတွေ များပြားခဲ့တဲ့ နေပြည်တော်နယ်မြေမှာ စစ်ကောင်စီက လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့်နေရာမှာ ရေအေးသင်္ကြန်နဲ့ စတုဒိသာမဏ္ဍပ်တည်ဆောက်နေတာကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မနေ့က သွားရောက်ကြည့်ရှုခဲ့တယ်လို့
မြန်မာသတင်း

မြင်းမူမြို့မှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးတစ်ဦး သေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 6 Views
ဧပြီလ (၁၁)ရက်။ ဧပြီလ (၈)ရက် ည (၉)နာရီအချိန်ခန့်က မြင်းမူမြို့နယ် စံတင်ကင်းရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ “ ဧပြီလ (၈)ရက် ည (၉)နာရီလောက်က ဘိုမင်းကြီးကင်း၊ မြောင်လမ်းခွဲမှာ
မြန်မာသတင်း

ကယန်းအမျိုးသားနေ့ကျင်းပတဲ့ရွာကို စစ်ကောင်စီဗုံးကြဲမှု ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ကယန်းပြည်သစ်ပါတီထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 3 Views
ဧပြီလ (၁၁)ရက်။ မနေ့က ည (၁၁)နာရီ (၄၅)မိနစ်အချိန် ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပတဲ့ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ပေါင် (၂၀၀)ဗုံး ကြဲချခဲ့တယ်လို့ ကယန်းပြည်သစ်ပါတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်ကို အကြောင်းပြုပြီး စစ်ကောင်စီက
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်းဆိုချက်ကြောင့် တရုတ်က ယွမ်ငွေ (၁)ဘီလီယံ ထပ်မံပံ့ပိုး

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 5 Views
ဧပြီလ (၁၁)ရက်။ မြန်မာအတွက် အရေးပေါ်လူသားစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးအကူအညီတွေအတွက် ယွမ်ငွေ (၁)ဘီလီယံ ထပ်မံပံ့ပိုးမယ်လို့ တရုတ်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကြောင့် တရုတ်အစိုးရက ယွမ်ငွေ (၁)ဘီလီယံ အရေးပေါ်လူသားစာနာမှုဆိုင်ရာ
မြန်မာသတင်း

ငလျင်ဒဏ်သင့်နေပေမယ့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 4 Views
ဧပြီလ (၁၁)ရက်။ ငလျင်ဒဏ်ကြောင့် ဒေသအများအပြားမှာ ထိခိုက်ပျက်စီးတာတွေရှိနေပေမယ့် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲပြုလုပ်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ဟိုပုံးမြို့ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ခရီးစဉ်ထဲ စစ်ခေါင်းဆောင်က ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အောင်မြင်စွာ
မြန်မာသတင်း

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ပူးပေါင်းပါဝင်ခဲ့တယ်လို့ BNRA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 11 ရက်
  • 10 Views
စစ်ဆင်ရေးထဲ BNRA ရဲဘော် (၂)ဦး ကျဆုံးပြီး ကိုယ်လက်အင်္ဂါဆုံးရှုံးသူ (၅)ဦးနဲ့ (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ ဧပြီလ (၁၁)ရက်။ ချင်းညီနောင်ရဲ့ ဖလမ်းမြို့စစ်ဆင်ရေးထဲ အခြားမဟာမိတ်တွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ BNRA