နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာ့စီးပွားရေး

ဂန့်ဂေါမြို့နယ်မှာလက်နက်ကြီးများနဲ့ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ကလေးအပါအဝင် ပြည်သူ့ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့ကလေးအပါအဝင် ပြည်သူ့ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ခေတ်မျက်လုံးကို ပြောခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မြစ်သာမြစ်အရှေ့ဘက် မြင်သားရွာကို စက်တင်ဘာလ (၁၆) ရက်နေ့ ညနေပိုင်းမှာ ၁၂၀ မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင်အရပ်သားနှစ်ဦးသေဆုံးပြီး ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

“ အခုရက်ပိုင်း စကစနဲ့ ထိတွေ့မှုဖြစ်စဉ်အချို့လည်း ရှိနေတယ်။ နီးစပ်ရာ ရှောင်နေကြရပြီး ဒဏ်ရာရသူတွေက အဆင်ပြေတဲ့နေရာမှာ ကုသမှုခံယူနေကြရပါတယ်ဗျ။ ကာလကြာရင်တော့ ရိက္ခာလိုအပ်ချက်လည်း များလာနိုင်တယ်” လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒဏ်ရာရရှိသူတွေထဲမှာ အသက် သုံးနှစ်နဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးနှစ်ဦးနဲ့ အသက် လေးနှစ်အရွယ်ယောက်ကျားလေးတဦးအပါအဝင် အသက်သုံးဆယ်ကျော်ကနေ အသက် ခုနှစ်ကျော်အရွယ်ကြား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ရှစ်ဦး ပါဝင်ပါတယ်။

အဲဒီလိုဒဏ်ရာသူတွေဟာ ဆေးကုသမှုခံယူနေရင်းက လေးရက်အကြာမှာ ဒဏ်ရာရသူရှစ်ဦးထဲက အသက် ၆၉ နှစ်အရွယ် အမျိုးသမီးတဦးဟာ ဒီကနေ့မှာ သေဆုံးခဲ့တာလို့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီဘက်က ခုနှစ်ဦးသေဆုံးပြီးတော်လှန်ရေးအင်အားစုက တဦးဒဏ်ရာရရှိပြီးနောက် အခုလိုအရပ်ဖက်ပစ်မှတ်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ လည်း ဒေသခံတွေကပြောကြပါတယ်။

မြောက်ခင်ရန်းကျေးရွာက စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ပျူစောထီးတွေဟာ စက်တင်ဘာလ (၁၅) ရက်နေ့မှာ မြောက်ခင်ရန်းရွာရဲ့အရှေ့တောင်ဘက် သင်တောကျေးရွာကိုလာပြီး ကတုပ်ကျင်းတူးနေစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 995 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ (၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့
Myanmar Politics

နှစ်နိုင်ငံဒီမိုကရေစီအရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ လစ်သူရေးနီးယားလွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 990 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီး
1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.11K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း
Myanmar Politics မြန်မာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 1.02K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။ ပြည်သူနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဟာ
Burma China တရုတ် မြန်မာ့စီးပွားရေး

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong မြန်မာနိုင်ငံသို့ လာရောက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 3.43K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ နေပြည်တော်။ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
Myanmar Politics

(၂၆) ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG တို့တွေ့ဆုံကာ မြန်မာအရေးဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 1.02K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ နိုဝင်ဘာလ (၂)ရက်နေ့က (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး
1027 Operations Myanmar Politics ပြည်တွင်း အနုပညာ

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ ဆွေးနွေးညှိနှိုင်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 1.08K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)
1027 Operations Myanmar Politics

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1.08K Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု