နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ထားရှိ‌

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိနေဦးမယ်လို့ စက်တင်ဘာလ ၂၁ ရက်နေ့က အထွေထွေညီလာခံဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။


လက်ရှိ စိစစ်ရေးကော်မတီမှာတော့ ကုလအမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအပြင် အခြား‌ကော်မတီဝင် (၆) ဦးအပါအဝင် မြန်မာစစ်ကောင်စီနဲ့ နီးစပ်တဲ့ တရုတ်နဲ့ ရုရှားတို့လည်း ပါဝင်ထားကြကာ အခုနှစ်အတွက်လက်ရှိကာလမှာ ပြီးခဲ့တဲ့နှစ်က အတည်ပြုထားတဲ့အတိုင်း နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ဆက်ရှိနေဦးမယ်လို့လည်း သိရပါတယ်။

ကုလသမဂ္ဂမှာနိုင်ငံအလိုက်ကိုယ်စားပြုခွင့်ရဖို့လျှောက်ထားမှုတွေအပေါ် စိစစ်အကဲဖြတ်တဲ့ Credential Committee (အရည်အချင်းစစ်ကော် မတီ) ရဲ့ လာမယ့်နှစ်အတွက် အစည်းအဝေးမစတင်နိုင်သေးတဲ့ကာလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းဆက်ရှိနေမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း သိရပါတယ်။

ဒါ့ပြင် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားတဲ့ Myanmar Accountability Project ကလည်း စစ်ကောင်စီကိုယ်စားလှယ်ကို ငြင်းပယ်ပြီး ကုလ သမဂ္ဂရဲ့ အရည်အချင်းစစ်ကော်မတီကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သက်တမ်းတိုးလိုက်တာကို ထောက်ခံကြိုဆိုကြောင်းကို မနေ့ကရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ပြည်သူ့နွေဦးတော်လှန်ရေးကြီးကို ကမ္ဘာကြီးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက သိရှိနားလည်ဖို့အတွက် မြန်မာလူထုရဲ့အသံကို ကုလသမဂ္ဂစင်မြင့်ထက်မှာ တရားဝင် ထုတ်ဖော်ပြောဆိုနိုင်သူလည်း ဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုတွေကလည်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆက်လက်ခန့်အပ်ထားဖို့ကို ပုံစံမျိုးစုံနဲ့ လူထုလှုပ်ရှားမှုတွေနဲ့အတူ ဆက်တိုက်တောင်းဆိုမှု‌တွေ ပြုလုပ်နေခဲ့ကြပါတယ်။

Eraseye\WW

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အင်အားကြီးသူပြောတိုင်းအမှန်ပဲလာ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 13 Views
ဝါရင့်ရှေ့နေကြီးဦးကြီးမြင့်နဲ့အမြင်ဖလှယ်ခြင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို အင်အားကြီးသူက တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံ နေတာဟာ တကယ့်အောင်ပွဲလား၊ ဘယ်လိုကောင်းကျိုးတွေ ဆိုးကျိုးတွေရှိသလဲဆိုတာ သူတို့အမြင်များကို ဦးကြီးမြင့်နဲ့ဦးထွန်းအောင်ကျော်တို့ကဆွေး‌နွေးတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့ စာပို့မေတ္တာရပ်ခံထားတာပါ။ လူထုတွေ့ဆုံပွဲကနေ တိုက်တွန်းတဲ့စာကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)အပါအဝင်
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 16 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကိစ္စကို NUG ဝန်ကြီးချုပ်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့စာဟာ ပြည်သူ၊ တော်လှန်ရေးအင်အားစုတွေနဲ့
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်
မြန်မာသတင်း

နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေ ပူးပေါင်းကြဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ နိုင်ငံတည်ငြိမ်အေးချမ်းဖို့ ချင်းတိုင်းရင်းသားတွေအပါအဝင် တိုင်ရင်းသားပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ ချင်းအမျိုးသားနေ့ သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ချင်းပြည်နယ်ရဲ့ နေရာဒေသအချို့အပါအဝင် နိုင်ငံထဲ ‌ဆူပူအကြမ်းဖက်တာတွေ၊ တရားဥပဒေ ဖောက်ဖျက်ကျူးလွန်တာတွေက
မြန်မာသတင်း

ဒေါ်ကြည်ပြာအမှု ကျေလည်တာမရမချင်း တက္ကသိုလ်ဝင်ခွင့်လုပ်ငန်းတွေ ရပ်ဆိုင်းတယ်လို့ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဒေါ်ကြည်ပြာကိစ္စ ထုတ်ပြန်ချက်ဟာ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့၊ ယုံကြည်အားကိုးရတဲ့ အစိုးရတရပ်အပေါ် စိတ်ပျက်စေတယ်လို့ ပညာရေးဝန်ကြီးဌာနရဲ့ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတရားမှုရှိခဲ့တယ်လို့ တိုင်တန်းချက်ကို သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့
မြန်မာသတင်း

BNRA ကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားတာလို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 19 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၁၉)ရက်။ BNRA အဖွဲ့က ပြစ်မှုရှိသူတွေကို အရေးယူတာ တော်လှန်ရေးရဲ့ ဆူးညှောင့်တခုကို ဖယ်ရှားရှင်းလင်းဖို့ ဆောင်ရွက်ခဲ့ရတာလို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပုလဲနယ်နဲ့ ဆက်စပ်နေရာတွေမှာ BNRA ကို ဦးဆောင်တဲ့