နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြင်းမူမှာ ကာကွယ်ရေးရဲဘော် (၂၂) ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးမှာ ပြည်သူတွေကို ကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် (၂၂) ဦး ကျဆုံးခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့များဆီက သိရပါတယ်။


မနေ့ည (၈) နာရီခန့်မှာ ကြော့မင်းရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ပြည်သူတွေကို ကယ်ထုတ်ပေးနေရင်း ခြေရာတော်ရွာအနီး မြင်းမူ – မြောင်လမ်းပေါ်မှာ အလစ်ငိုက်ပစ်ခံခဲ့ရကာ ရဲဘော်တွေ ကျဆုံးခဲ့ရတာပါ။

ကြော့မင်းရွာပြည်သူ့ကာကွယ်ရေးရဲဘော် (၁၅) ဦး၊ စစ်ကိုင်းခရိုင်အမှတ် (၅) တပ်ရင်းက ရဲဘော် (၅) ဦး၊ စစ်ကိုင်းခရိုင်အမှတ် (၆) တပ်ရင်းက ရဲဘော် (၂) ဦး အပြင် ပြည်သူသုံးဦး အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြင်းမူ-မြောင်ကားလမ်းပေါ်မှာ ကားတစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကို ဒီနေ့နံနက်ပိုင်းက ကင်းပုန်းဝပ် နှစ်ဘက် ညှပ်ပစ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း PDF အလောင်း (၂၅) လောင်း၊ လက်လုပ်သေနတ် (အရှည်) ရှစ်လက်၊ လက်လုပ်သေနတ် (အတို) နှစ်လက်သိမ်းဆည်းရမိတယ်လို့ ဆိုထားပါတယ်။

Eraeys\CK

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ ပေါ်တာဆွဲခံရတဲ့ လူငယ် (၈)ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NPDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 13 Views
ဇွန်လ (၅)ရက်။ ဝက်လူးနယ်မြေရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တိုက်ဖျက်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 17 Views
ဇွန်လ (၅)ရက်။ ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်သလို စစ်အာဏာရှင်ကိုပါ တတ်နိုင်တဲ့နည်းလမ်းနဲ့ တိုက်ဖျက်ဖို့ NUG က ဒီကနေ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 29 Views
ဇွန်လ (၅)ရက်။ တရုတ်အစိုးရရဲ့ ဖိအားတွေဆက်ရှိနေပြီး ဖြေရှင်းဖို့ နည်းလမ်းရှာနေတယ်လို့ ဒီကနေ့ အွန်လိုင်းကနေကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA သတင်းနဲ့ ပြန်ကြားရေးဌာနမှူး လွေးယေဦးရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ အခုအချိန်အထိ တရုတ်ရဲ့ဖိအားကလဲ ပြင်းပြင်းထန်ထန်ရှိနေပါတယ်။ တရုတ်ဖိအားကို
မြန်မာသတင်း

အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ် (၄၆၆)ဦးအပါအဝင် (၃၁၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 10 Views
ဇွန်လ (၅)ရက်။ (၂)နှစ်ကျော်ကာလထဲ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ဖြစ်စဉ် စုစုပေါင်း (၂၈၄၁)ခုအထိ ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ သေဆုံးသူဦးရေ (၃၁၅၂)ဦးရှိခဲ့ကာ အဲ့ဒီအထဲ အသက် (၁၈)နှစ်အောက်
မြန်မာသတင်း

ရွာငံလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း စစ်ကြောရေးမှာ ကွယ်လွန်ခဲ့တဲ့အပေါ် စစ်ကောင်စီကို CRPH ပြင်းပြင်းထန်ထန်ရှုတ်ချ

  • 2025 ခုနှစ်၊ ဇွန်လ 5 ရက်
  • 28 Views
ဇွန်လ (၅)ရက်။ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးစခန်းမှာ သေဆုံးခဲ့တဲ့အပေါ် စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ CRPH ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းဟာ ၂၀၂၄ခုနှစ်
မြန်မာသတင်း

ဆားလင်းကြီးမြို့နယ်၊ မတောင့်တရွာကို စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွား

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 19 Views
ဇွန်လ (၄) ရက်။ မနေ့က ဇွန်လ (၃) ရက်နေ့ ညနေ ၆နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ဆားလင်း စစ်ကောင်စီ လေထီးနဲ့ ဗုံးကျဲသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဗုံး ၂လုံးကျဲသွားတယ်လို့ သိရပြီး
မြန်မာသတင်း

ကြို့ပင်ကောက်မှာ ရွာထဲ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်း မိုင်းဆွဲခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 20 Views
‌ဇွန်လ (၄)ရက်။ ကြို့ပင်ကောက်မြို့ရှိ ပိတောက်မြိုင်ရွာကို စစ်မှုထမ်းဖို့ ပေါ်တာဝင်ဆွဲတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Yoma GBK PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကြို့ပင်ကောက်အရှေ့ ပိတောက်မြိုင်ရွာကို
မြန်မာသတင်း

မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 17 Views
ဇွန်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသထဲ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ သေ့ဘောဘိုးစခန်းကို KNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တွေက မနေ့က နံနက် (၉)နာရီကျော်အချိန်မှာ