နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ချောက်မြို့လယ်ခေါင်က မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ချောက်မြို့ မြို့မရဲစခန်းကို ဒီနေ့လယ် ၁၂ နာရီခွဲကျော်ခန့်က လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။


ချောက်မြို့၊ မြို့လယ်ခေါင်မှာရှိတဲ့ ရဲစခန်းရှေ့မှာ ကာရံထားတဲ့ ဘန်ကာ ၃ ခုကြားကို လက်ပစ်ဗုံးနဲ့ ပစ်သွင်းခဲ့သလို သေနတ်နဲ့လည်း ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခဲ့တဲ့ လက်ပစ်ဗုံးဟာ ပေါက်ကွဲအားပြင်းတဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို Chauk Guerrilla Force(C.G.F) ၊Myaing People Defense Force မြိုင် ပကဖ နဲ့ မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ People’s Defence Force Yenangyaung အဖွဲ့တို့ကပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တက်ဘာ ၁၈ ရက်ကလည်း အခွန်အခတွေတိုးကောက်နေတဲ့ ချောက်မြို့ စည်ပင်သာယာရုံးကို Chauk Guerrilla Force(C.G.F) အဖွဲ့က လက်ပစ်ဗုံးနဲ့ပစ်ပြီးဖောက်ခွဲ့လို့ ဦးစီးမှူးကားပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 13 Views
ဇူလိုင်လ (၂၈)ရက်။ မနေ့က ည (၁၁)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပန်ပေါင်းရွာကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ်
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်နေရာကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 15 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြို့ရှိ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်နေရာတခုကို စစ်ကောင်စီက ဒရုန်းနဲ့
မြန်မာသတင်း

တပတ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦး အလင်းဝင်ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 20 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးမှာ စစ်သား (၄၂)ဦးနဲ့ ရဲ (၁)ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

မူးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်‌သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 16 Views
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန် ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၅)ရက်နေ့က မူးမြို့နယ် ရင်းတိုက်ကုန်းရွာနဲ့ လည်ပတ်ရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ MRO/CDF-MATUPI အမည်နာမတခုထဲနဲ့သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB ကို ကောင်စီဝင်တွေ/အဖွဲ့ဝင်တွေ စေလွှတ်တဲ့အခါ MRO/CDF-MATUPI
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ည (၁၀)နာရီ (၂၀)မိနစ်အချိန်က ဇရပ်ဆိပ်ရွာရှိ
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို