နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကော့ကရိတ်မှာ စစ်ကောင်စီတပ်က အင်အား(၂၀)နဲ့ ပြည်သူပိုင်အိမ်နဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က ဖိုးချိမူတပ်စခန်းမှာ အခြေစိုက်တဲ့ စကခ (၁၃) လက်အောက်ခံ တပ်ရင်းတွေက မယ်တလဲရွာထဲကို အင်အား (၂၀) နဲ့ ဝင်ရောက်ပြီး နေအိမ် (၃) လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၁၀) နာရီအချိန်က စကခ (၁၃) လက်အောက်ခံ ခမရ (၅၅၈)၊ ခမရ (၅၆၁) နဲ့ ခလရ (၉၉၃) တပ်ရင်းတွေက ဗိုလ်ကြီး ရဲသွေး၊ ဗိုလ်ကြီး ဆန်းမောင်မောင်နဲ့ ဗိုလ်ကြီး မျိုးမင်းအောင်တို့ ဦးဆောင်တဲ့ တပ်ရင်းတွေက အင်အား (၂၀) နဲ့ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ကျေးရွာထဲ ဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကျောင်းဆရာမတစ်ဦးရဲ့ နေအိမ် အပါအဝင် လူနေအိမ် (၃) လုံးကို မီးတင်ရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်ရှိ ကားနဲ့ ဆိုင်ကယ်တွေလဲ မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီတပ်ဘက်က ၁၂၀မမလက်နက်ကြီးတွေကို မယ်တလဲရွာထဲ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပိုင်ကားတစ်စီး ထပ်မံပျက်စီးခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒါ့ပြင် ဒေသခံတွေအနေနဲ့ ရွာထဲက နေအိမ်တွေမှာပဲ နေထိုင်ကြဖို့နဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ရင် မီးတင်ရှို့သွားမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ရောက်ရှိလာ

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 1 Views
++++++++++++++ မတ်လ (၂၉) ရက်။ မြန်မာနိုင်ငံမှာ မြေငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရုရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂၀ ဦး ဒီနေ့
မြန်မာသတင်း

မန္တလေးမြို့ Sky Villa ကွန်ဒို ပြိုကျမှုမှာ ပိတ်မိနေသူ ၄၀ ကျော်ကို ကယ်တင်နိုင်ဟုဆို

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉) ရက်။ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က ၁၁ လွှာရှိတဲ့ Sky Villa ကွန်ဒိုမှာ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံ
မြန်မာသတင်း

“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး”

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 2 Views
“မင်းညစ်အောက်ကသဘာဝဘေး ပြည်သူတွေအတွက်ရင်လေး” မတ်လ ၂၈ရက်နေ့မှာြမန်မာပြည်အထက်ပိုင်းစစ်ကိုင်းတိုင်းမှာဗဟိုပြုလှုပ်ခတ်သွားတဲ့ ငလျှင်ကြီးနဲ့ပတ်သက်ပြီး ဦးထွန်းအောင်ကျော်ကသူ့အမြင်ကိုထုတ်ဖော်ပြောဆိုထားပါတယ်။ ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့။
မြန်မာသတင်း

ငလျင်ဒဏ်သင့် စစ်ခေါင်းဆောင်ဆီ တရုတ်သမ္မတ ဖုန်းဆက်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မြန်မာမှာ အင်အားပြင်းငလျင် လှုတ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖုန်းဆက်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြန်မာမှာ ပြင်းထန်တဲ့ ငလျင်ဘေးဒဏ်ကို ခံနေရကြောင်း ကြားသိရကာ ငလျင်ကြောင့်
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် နေပြည်တော်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို သားဖြစ်သူ စိုးရိမ်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 6 Views
မတ်လ (၂၉)ရက်။ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် နေပြည်တော်အကျဉ်းထောင်ထဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကို စိုးရိမ်နေတယ်လို့ သားဖြစ်သူ ကိုထိန်လင်းရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နေပြည်တော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံရပြီးအဆက်အသွယ်ဖြတ်တောက်ခံရတဲ့ ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေအပေါ် စိုးရိမ်ပူပန်နေပါတယ်။
မြန်မာသတင်း

ငလျင်ဘေးသင့်ဒေသတွေအတွက် ကျပ်သန်း(၂၀၀၀) လှူဒါန်းမယ်လို့ UWSA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 4 Views
မတ်လ (၂၉)ရက်။ ငလျင်ဘေးသင့် ဒေသတွေအတွက် ငွေကျပ်သန်းပေါင်း (၂၀၀၀)တိတိ လှူဒါန်းသွားမယ်လို့ “ ဝ” တပ် UWSA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အင်အားပြင်းငလျင်ကြောင့် ကြီးမားတဲ့ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ရပြီး နိုင်ငံမတည်မငြိမ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နယ်မြေတွေမှာ ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ညွှန်ကြားထား

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ ငလျင်ဒဏ်သင့်တဲ့ နယ်မြေ‌တွေကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF နဲ့ ပကဖတွေကို ညွှန်ကြားထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်ဒဏ်ကြောင့် သဘာဝဘေးကို
မြန်မာသတင်း

ငလျင်ကြောင့် သုခဒိုင်းမွန်းစိန်တိုင်ပိုင်ရှင်အပါအဝင် မိသားစုဝင်တွေ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 5 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ရှားသွားတဲ့ဖြစ်စဉ်ထဲ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးခဲတယ်လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မတ်လ (၂၈)ရက်နေ့က သဘာဝဘေးအန္တရာယ်ကြောင့် သုခဒိုင်းမွန်းစိန်တိုက်ရဲ့ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒေါ်မိုးသီတာရွှေနဲ့ သားသမီးတွေ