Breaking News:
Donate
Follow On:
နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပဲခူးရိုးမထဲ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်တာကြောင့် မသွားလာကြဖို့ သတိပေး

စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးရိုးမထဲမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။


သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖိုနဲ့ ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမဟာ သာယာဝတီခရိုင်တပ်ရင်းရဲ့ စစ်ဆင်ရေးနယ်မြေတွေဖြစ်တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်းက ပြောပါတယ်။

ဒါ့ပြင် တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖော်ဆောင်ရာမှာ စစ်ကောင်စီတပ်သားတွေနဲ့ ၎င်းတို့လိုက်ပါလာတဲ့ မော်တော်ယာဉ်တွေအနီးမှာ ပြည်သူတွေ သွားလာနေထိုင်တာတွေကြောင့် စစ်ဆင်ရေးအချို့ကို ရပ်ဆိုင်းခဲ့ရတယ်လို့ ရေးသားထားပါတယ်။
အခုအချိန်မှာတော့ ပဲခူးရိုးမထဲ ဒီကနေ့ စက်တင်ဘာလ (၂၅)ရက်ကစပြီး ပြည်သူတွေအနေနဲ့ လုံးဝ(လုံးဝ) မသွားလာကြဖို့ ခရိုင်တပ်ရင်းရဲ့ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေသခံတော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေကို ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 20 Views
ဇူလိုင်လ (၁၅)ရက်။ ‌ဒေသခံတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေအကြား ပဋိပက္ခတွေကို စားပွဲဝိုင်းမှာသာ ငြိမ်းချမ်းစွာအဖြေရှာဖို့ ချင်းပြည်နယ် CDM ကျန်းမာရေးဝန်ထမ်းတွေက မနေ့က သဘောထားထုတ်ပြန် တိုက်တွန်းထားတယ်လို့
မြန်မာသတင်း

လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (၂၃)ဖွဲ့ထက်မနည်းကို AA ထောက်ပံ့ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 15 Views
ဇူလိုင်လ (၁၅)ရက်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက (၂၃)ဖွဲ့ထက်မနည်းကို အာရက္ခတပ်တော်(AA)က ထောက်ပံ့ထားတယ်လို့ ISP-MYANMAR ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ညောင်လေးပင်ခရိုင်ထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၂၀၀)ကျော်သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 11 Views
ဇူလိုင်လ (၁၅)ရက်။ အခုနှစ်ဝက်ထဲ ညောင်လေးပင်ခရိုင်မှာ တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၃၀၀)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ KNU ဘက်က တိုင်းပြည်နဲ့ လူမျိုးအတွက် (၄၄)ဦး
မြန်မာသတင်း

သီပေါမြို့လယ်ကို စစ်ကောင်စီ ပေါင် (၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်၊ အရပ်သား (၂)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 16 Views
ဇူလိုင်လ (၁၅)ရက်။ မနေ့က ညနေ (၆)နာရီဝန်းကျင်လောက်မှာ သီပေါမြို့ရှိ တောင်မြို့ရပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၄)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

အခုနှစ်ဝက်ထဲ တော်လှန်ရေးရဲဘော် (၅၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 26 Views
ဇူလိုင်လ (၁၄)ရက်။ အခုနှစ် (၆)လတာထဲ တိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၅၄၄)ဦး ကျဆုံးခဲ့တယ်လို့ Spring Revolution Database(SRD)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ တော်လှန်ရေး‌အင်အားစုတွေနဲ့ စစ်ကောင်စီတပ်အပါအဝင် သူတို့နဲ့ဆက်စပ်တဲ့ အဖွဲ့တွေနဲ့အကြား ထိတွေ့တိုက်ပွဲပေါင်း
မြန်မာသတင်း

ချင်းပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ CNF ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 25 Views
ဇူလိုင်လ (၁၄)ရက်။ ချင်းပြည်ထဲရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအားလုံး ရင့်ကျက်ပြီး စည်းကမ်းရှိဖို့ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုအချိန်ဟာ ချင်းလဲန်မှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အားလုံးအနေနဲ့ ရင့်ကျက်မှုရှိပြီး စည်းကမ်းရှိဖို့ လိုပါတယ်။ စိတ်ခံစားမှုတွေကို
မြန်မာသတင်း

ဥကရစ်ထစခန်းသိမ်းတိုက်ပွဲထဲ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 17 Views
ဇူလိုင်လ (၁၄)ရက်။ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲကနေ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေကို KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကော့ကရိတ်မြို့ ဥကရစ်ထကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNLA၊ KNDO နဲ့ PDF
မြန်မာသတင်း

တောင်ခမ်းကနေ နောင်ချိုထိုးစစ်ထဲ စစ်ကောင်စီတပ်သား အများအပြား အလင်းဝင်လာခဲ့တယ်လို့ DPLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 23 Views
ဇူလိုင်လ (၁၄)ရက်။ ဇွန်လ (၂၄)ရက်နေ့ကစပြီး ဒီကနေ့အထိ  နောင်ချိုမြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇွန်လ (၂၄)ရက်ကစပြီး အခုအချိန်အထိ နောင်ချိုမြို့အနီးတဝိုက်မှာ