နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဒီပဲယင်းအရှေ့ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်တာတွေပါပြုလုပ်နေ

ဒီကနေ့ စက်တင်ဘာလ (၂၆) ရက်နေ့ မနက် (၈) နာရီခွဲဝန်းကျင်ခန့်ကစပြီး ဒီပဲယင်းမြို့အရှေ့ဘက်ခြမ်းရှိ လက်ယက်ကုန်းရွာကနေ မူးခံတွင်းရွာဘက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေတယ်လို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။


“ မနက် (၈) နာရီ (၂၅) မိနစ်မှာ လက်ယက်ကုန်းရွာကို ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းက မူးခံတွင်းရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေပါတယ်” လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ဆိုပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာနေရာတွေမှာသာ ဆက်လက်ရှောင်တိမ်းပေးဖို့ အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ဒါ့ပြင် မနက် (၁၁) နာရီ (၂၀) မိနစ်အချိန်မှာတော့ မုံရွာအခြေစိုက် နမခဘက်ကတက်လာတဲ့ Mi-35 တိုက်ခိုက်ရေးလေယာဉ်နဲ့ ညောင်လှ၊ မူးခံတွင်း၊ လက်ယက်ကုန်းနဲ့ သစ်တုံရွာတွေဘက်ကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းကလည်း လက်ယက်ကုန်းရွာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် စစ်ကြောင်းထိုးလာတာကြောင့် အနီးဝန်းကျင်က ရွာ (၁၀) ရွာထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရတယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီနေ့ ညပိုင်းမှာတော့ စစ်ကောင်စီတပ်ရဲ့ အင်အား (၁၅၀) ကျော်ပါတဲ့ စစ်ကြောင်းဟာ လက်ယက်ကုန်းရွာထဲ ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပြီး စစ်ရှောင်ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေ ထောက်ပံ့နိုင်ဖို့အဖွဲ့က ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 22 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 23 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 31 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 38 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 35 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 42 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့