နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ယူကေနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ယူကေနိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၂၅)ရက်နေ့က ယူကေနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် Barbara Woodward နဲ့ ကနေဒါနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် Bob Rae တို့ကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က သီးခြားစီတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။


ယူကေနိုင်ငံက ကုလကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ရာမှာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉)ကို ချမှတ်ရာမှာ ယူကေနိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို အထူးအသိအမှတ်ပြုကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်အုပ်စုကို လက်နက်တင်သွင်းတာ၊ လေယာဉ်ဆီ တင်သွင်းတာတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ဖို့ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။

အလားတူ ကနေဒါနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ရာမှာလည်း စစ်အုပ်စုအပေါ် ပိုမိုဖိအားပေး အရေးယူနိုင်ရေးကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 14 Views
ဇူလိုင်လ (၂၈)ရက်။ မနေ့က ည (၁၁)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပန်ပေါင်းရွာကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ်
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်နေရာကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 15 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြို့ရှိ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်နေရာတခုကို စစ်ကောင်စီက ဒရုန်းနဲ့
မြန်မာသတင်း

တပတ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦး အလင်းဝင်ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 20 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးမှာ စစ်သား (၄၂)ဦးနဲ့ ရဲ (၁)ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

မူးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်‌သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 16 Views
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန် ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၅)ရက်နေ့က မူးမြို့နယ် ရင်းတိုက်ကုန်းရွာနဲ့ လည်ပတ်ရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ MRO/CDF-MATUPI အမည်နာမတခုထဲနဲ့သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB ကို ကောင်စီဝင်တွေ/အဖွဲ့ဝင်တွေ စေလွှတ်တဲ့အခါ MRO/CDF-MATUPI
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 27 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ည (၁၀)နာရီ (၂၀)မိနစ်အချိန်က ဇရပ်ဆိပ်ရွာရှိ
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 22 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 20 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို