မင်းကင်းဘက်ကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောနှစ်စီးကို စက်တင်ဘာလ (၂၅)ရက်နေ့ နေ့လယ် (၁၁)နာရီ (၄၀)မိနစ်အချိန်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KLG တပ်မဟာ(ကျောက်လုံးကြီး)ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မင်းကင်းမြို့နယ် ပန်းဆက်ပျူကနေ စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောနှစ်စီးကို ကနီမြို့အောက်ဖက်အရောက်မှာ ပွိုင့် (၃)ပွိုင့်ခွဲပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ပူးပေါင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီလို တိုက်ခိုက်ခဲ့ရာမှာ ယင်းမာပင်ခရိုင် တပ်ရင်း (၂၁/၂၂/၂၃) KLG PDF(ကျောက်လုံးကြီး) အဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သင်္ဘောပေါ်ကနေ စက်လတ်နဲ့ပစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ စစ်သင်္ဘောနှစ်စီးကို ယင်းမာပင်ခရိုင် တပ်ရင်း(၂၁/၂၂/၂၃) KLG PDF၊ ကနီ ယင်းမာပင် ဆားလင်းကြီး ပုလဲ တပ်မဟာအဖွဲ့နဲ့ နယ်မြေခံ ပကဖတွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။