စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့၊ မြဝတီရပ်ကွက်၊ ဈေးကုန်းရပ်မှာရှိတဲ့ လူမှုဖူလုံရေးရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ညနေ ၅ နာရီခန့်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ နှစ်အရွယ် ဒေါ်နွယ်နီလှနဲ့ အသက် ၅၁ နှစ်အရွယ် ဒေါ်ရီမိုးဆိုသူ ၂ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသွားသူတွေကိုတော့ စစ်ကိုင်းဆေးရုံကို ပို့ပေးထားရတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၈ ရက် ညနေ ၄ နာရီခွဲခန့်မှာ စစ်ကိုင်းမြို့နယ် လူမှုဖူလုံရေးရုံးဝန်းထမ်းတွေ ရုံးဆင်းချိန် ရုံးအရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်နားကနေ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒုဦးစီးမှူး ရာထူးရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။