နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ ရန်ကုန်ရှိ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄-၅၆)ကို ရောင်းချဖို့ ကြိုးပမ်းတာတွေ ရှိနေတယ်လို့ NUG ထုတ်ပြန်

အမျိုးသားအဆင့်ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄-၅၆) ကို ရောင်းချရန် ကြိုးပမ်းတာတွေ ရှိနေတယ်လို့ NUG ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄-၅၆)၊ ခြံ၀န်းဧရိယာ (၁.၉၂၃) ဧကနဲ့ ခြံဧရိယာပေါ်ရှိ မရွှေ့မပြောင်းနိုင်တဲ့ အဆောက်အအုံအားလုံးကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ရာမှာ အဲ့ဒီယဉ်ကျေးမှုအမွေအနှစ်ကို မည်သူမဆို ပိုင်ဆိုင်တာ၊ ရောင်းချတာ၊ ဖျက်ဆီးတာ၊ ပုံစံပြောင်းတာနဲ့ ပြင်ဆင်တာတွေအပေါ် တင်းကြပ်စွာ တားမြစ်ထားပါတယ်။

ဒီလိုအမိန့်ကြေငြာစာပါ တားမြစ်ချက်တွေကို အခုချိန်မှာ ဖောက်ဖျက်ဖို့ ကြိုးပမ်းတာတွေရှိနေတဲ့အပေါ် အချက်အလက်ခိုင်မာစွာ ရရှိထားတာကြောင့် ကျူးလွန်သူနဲ့ ကူညီအားပေးသူတွေကို တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။

အရေးယူတဲ့အခါမှာလည်း ယဉ်ကျေးမှုနဲ့ သဘာဝအမွေအနှစ်တွေနဲ့ စပ်လျဉ်းတဲ့ နိုင်ငံတကာကွန်ဗင်းရှင်းတွေ၊ အမွေအနှစ်ဆိုင်ရာတည်ဆဲဥပဒေတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအပါအဝင် ဆက်စပ်ဥပဒေတွေနဲ့ ထိရောက်ပြင်းထန်စွာ အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

အမိန့်ကြေငြာစာနဲ့ပတ်သက်ပြီး ကျူးလွန်ဖောက်ဖျက်တာတွေ မရှိစေဖို့အတွက်ကိုလည်း NUG ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ PDF တွေ၊ ဥပဒေဆိုင်ရာအဖွဲ့တွေ၊ တာဝန်သိပြည်သူတွေအပါအဝင် သတင်းမီဒီယာတွေနဲ့ အမွေအနှစ်ဆိုင်ရာ မိတ်ဖက်အဖွဲ့တွေက စောင့်ကြည့်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 15 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 27 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရွှေဘိုမြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးငယ်အပါအဝင် (၃)ဦးသေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 29 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၁)နာရီ (၁၉)မိနစ်အချိန်က ရွှေဘိုမြို့အရှေ့ခြမ်းရှိ သစ်ချိုပင်ရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ ရွှေဘိုအရှေ့ခြမ်းက သစ်ချိုပင်ရွာထဲကို တံတားဦးတပ်ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀)ဗုံး
မြန်မာသတင်း

ဆန္ဒပြခဲ့တဲ့ မန္တလေးဈေးချိုတော်အနီးက ဈေးသည်တွေကို စစ်အုပ်စု ရန်ပြုဖျက်ဆီး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 22 Views
ဒီဇင်ဘာလ (၅)ရက်။ သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ လူငယ်တွေ ‌မန္တလေးဈေးချိုတော်မှာ ဆန္ဒပြပြီးနောက် စစ်အုပ်စုက ဈေးသည်တွေကို ရန်ပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။ “ ဈေးချိုတော်အနီးမှာ ဒေါက်တာတေဇာဆန်းတို့ ဆန္ဒပြပြီး နောက်နေ့ပေါ့ မနေ့က
မြန်မာသတင်း

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အနေနဲ့ အသံတိတ်သပိတ်ကျင်းပဖို့ GSCB တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 19 Views
ဒီဇင်ဘာလ (၅)ရက်။ လာမယ့် ဒီဇင်ဘာလ (၁၀)ရက်နေ့မှာ အသံတိတ်သပိတ် ကျင်းပဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ဒီကနေ့မှာ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ “ ဓားထောက်ပြီး ဘုရင်မြှောက်ခိုင်းချိန်မှာ မတရားခံရကြောင်းကိုတော့ ကျနော်တို့ ဟစ်အော် အသိပေးကြပါမယ်။ ဒီလို
မြန်မာသတင်း

ပုသိမ်မှာ စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး သေဆုံး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 31 Views
ဒီဇင်ဘာလ (၄)ရက်။ ပုသိမ်မြိုမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းတဦး ရောဂါနဲ့ သေဆုံးခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးသူဟာ ပုသိမ်မြိုနယ် ပြည်သူ့ပါတီကနေ တိုင်းဒေသကြီးမဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ဖိုရှိတဲ့ ဦးမြင့်ဌေးဆိုသူဖြစ်ကာ မနေ့က ည (၁၀)နာရီ
မြန်မာသတင်း

ျောက်ကြီးမြိုမှာ ဆေးပေးခန်း ဗုံးကြဲခံရပြီး CDM ဆရာဝန်အပါ (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 35 Views
ဒီဇင်ဘာလ (၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီအချိန်က ပဲခူးတိုင်း ကျောက်ကြီးမြို ညောင်ပင်သာရွာရှိ ဆေးပေးခန်းကို စစ်တပ်က စက်တက်လေထီးနဲ့ ဗုံးကြဲခဲ့တယ်လို ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က တောင်ငူလေတပ်ကနေ စက်တပ်လေထီးတစီးနဲ့ ရွာဆေးပေးခန်းပေါ်ကို ဗုံး
မြန်မာသတင်း

သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မြေကွက်ကို သမက်ဖြစ်သူက အလွဲသုံးစားရောင်းချ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 4 ရက်
  • 27 Views
ဒီဇင်ဘာလ (၄)ရက်။ သေဆုံးပြီဖြစ်တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ မန္တလေးက မြေကွက်ကို သမက်ဖြစ်သူ ဦးတာယာမြင့်ဆွေက အလွဲသုံးစားလုပ် ရောင်းချခဲ့တယ်လို ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ ဦးမြင့်ဆွေရဲ့ မန္တလေးတိုင်း မဟာအောင်မြေမြိုနယ် အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ်(၃၁)ရှိ ဧရိယာ (၀.၁၁၀၂)အကျယ်