လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ (၅၀) ကျပ်တန်နဲ့ (၁၀၀) ကျပ်တန် ငွေစက္ကူတွေကို ရုပ်သိမ်းတယ်ဆိုတာ သတင်းမှားသာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလ (၂၉) ရက် မနက်ပိုင်းအချိန်ကစပြီး (၅၀) ကျပ်နဲ့ (၁၀၀) ကျပ်တန် ငွေစက္ကူတွေကို တရားဝင်ငွေကြေးအဖြစ်ကနေ ရပ်ဆိုင်းတဲ့စာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာပါ။
စစ်ကောင်စီရဲ့ဗဟိုဘဏ်ကတော့ အဲ့ဒီထုတ်ပြန်ချက်စာက မဟုတ်မမှန်တဲ့ သတင်းအမှားသာဖြစ်ပြီး (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်က တရား၀င်ထုတ်ဝေထားတဲ့ ငွေကြေးကို တရားမဝင်ငွေကြေးအနေနဲ့ သတ်မှတ်ခြင်းမပြုရဆိုပြီး အတိအလင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။
အခုလို အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်စေဖို့ သတင်းအမှားဖြန့်ဝေသူတွေကို ဥပဒေနဲ့အညီ အရေးယူပြီး ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ဖို့ တရားဥဒေစိုးမိုးရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောက်ရွက်မယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။