ဒီကနေ့ အောက်တိုဘာ (၂) ရက်နေ့ ညနေ ၅ နာရီလောက်မှာ ချင်းတွင်းမြစ်က တက်လာတဲ့ စစ်ကောင်စီတပ်တွေ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာမှာ ဖလက်သင်္ဘောတွေ ဆိုက်ရောက်လာပြီး သင်္ဘောပေါ်မှာ တင့်ကားတွေလည်း ပါလာတယ်လို့ ဒေသခံတွေက ခေတ်မျက်လုံးကို ပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ အဲ့ဒီစစ်သင်္ဘောကပါလာတဲ့ စစ်သုံးကားတွေကို ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ရွှေ့ပြောင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တာလပတ်အုပ်ထားတဲ့ကား (၁၀) စီး၊ စစ်ကောင်စီတပ်သားအပြည့်ပါတဲ့ စစ်ကား (၇) စီး၊ ဘက်ဟိုးတစ်စီး စုစုပေါင်း (၁၈) စီး ပါဝင်တယ်လို့ သိရပါတယ်။ စစ်ကောင်စီအင်အားက (၃၀၀) လောက် ရှိမယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲကို အင်အားသုံးပြီး စစ်ကြောင်းထိုးနိုင်တဲ့အတွက် ဒေသတော်လှန်ရေးအဖွဲ့တွေ သတိထားဖို့လိုကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ/ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝရွာကို Google earth တွင် တွေ့မြင်ရစဉ်။