နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ခရိုနီလက်သစ် ဉာဏ်လွင်အောင် ရန်ကုန်မြို့လယ်ခေါင်မှာ ထမင်းကြော်စားနေစဉ် သေနတ်နဲ့ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ ဖက်တီးမထမင်းကြော်ဆိုင်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဉာဏ်လွင်အောင် အောက်တိုဘာလ (၂) ရက်နေ့ ည (၁၀) နာရီခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကိုဉာဏ်လွင်အောင်ဟာ ဝဲဘက်နားထင် ကျည်ဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ကိုဉာဏ်လွင်အောင်နဲ့ မနန်းဟွမ်မိုင်တို့နှစ်ဦးက ထမင်းကြော်စားနေစဉ် လမ်းလျှောက်လာသူတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့ကာ အခင်းဖြစ်နေရာမှာ အမေရိကန်ထုတ် 9mm ကျည်ခွံ (၃) ခုတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူ ကိုဉာဏ်လွင်အောင်ဟာ စစ်တပ်အသိုင်းအဝိုင်းထဲမှာ ကိုဉာဏ်လို့ လူသိများကာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံပြီး ပစ္စည်းတွေ ဝယ်ယူပေးတာ၊ ပြည်ထဲရေးနဲ့ ပူးပေါင်းကာ CCTV တွေကိုလည်း တင်သွင်းတပ်ဆင်ပေးနေသူဖြစ်တယ်လို့ မြို့ပြပျောက်ကြားတပ်ဖွဲ့ဖြစ်တဲ့ Urban Owls က ပြောဆိုထားပါတယ်။


ဒါ့ပြင် သူ့အနေနဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင်တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သလို မိမိကိုယ်ကို တပ်မတော်မိသားစု လုပ်ငန်းရှင်လို့သာ ခံယူတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုထားသူဖြစ်တယ်လို့ သိရပါတယ်။

ဉာဏ်လွင်အောင်ဟာ စစ်တပ်အာဏာသိမ်းတာကို အပြည့်အဝထောက်ခံရုံသာမက သူ့ရဲ့ဝန်ထမ်းတွေကိုလည်း နံနက်ခင်းတိုင်း စစ်ကောင်စီရဲ့ သစ္စာအဓိဌာန် (၄) ချက်ကို ရွက်ဆိုခိုင်းသူဖြစ်ပြီး ရုရှားကို စစ်တပ်နဲ့အတူ သွားလေ့ရှိကာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့လည်း ရင်းနှီးသူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းပြီး ခေတ်ပျက်ထဲမှာ အလွယ်တကူရနိုင်တဲ့ ငွေနဲ့ အာဏာကို မက်မောပြီး ခရိုနီပေါက်စဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်လုပ်ငန်းရှင်များစွာရှိနေကာ အခါအခွင့်သင့်တဲ့အခါ အရေးယူသွားမယ်လို့ Urban Owls အဖွဲ့ရဲ့ ထုတ်ပြန်သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 11 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 10 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 8 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်
မြန်မာသတင်း

ICJ မှာ အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၁၀)ရက်။ ICJ မှာ ကြားနာမယ့် မြန်မာအပေါ် တရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ တင်ပြတာတွေက မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားမပြုဘူးလို့ NUG က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတကာတရားရုံး(ICJ)က ဂမ်ဘီယာနိုင်ငံနဲ့ မြန်မာနိုင်ငံအမှုဆိုင်ရာ လုပ်ငန်းစဉ်ရဲ့
မြန်မာသတင်း

မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၂၀)ဦးခန့် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 17 Views
ဇန်နဝါရီလ (၉)ရက်။ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မင်းလှမြို့ ရန်ကုန်-ပြည် အမြန်လမ်းပေါ်ရှိ စစ်တပ်ရဲ့ ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ ACDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှမြို့
မြန်မာသတင်း

တောကျွဲအင်းမြို့ကို စိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 16 Views
ဇန်နဝါရီလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး စစ်တောင်းမြစ်ဝှမ်းဒေသ အောင်‌မြင်စစ်ဆင်ရေးအနေနဲ့ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ တောကျွဲအင်းမြို့(အောင်မြင်မြို့)ကို တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကော်မရှင်ရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အအုံတွေ၊ ရွေး/ကော်ရုံးနဲ့ နယ်မြေရဲစခန်းတို့ကို
မြန်မာသတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနက BNRA ကို တိုက်ခိုက်ဖို့ဆိုပြီး လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားပြင်ဆင်နေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 32 Views
ဇန်နဝါရီလ (၉)ရက်။ အခုရက်ပိုင်းထဲ NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆင့်ဆင့် လျှို့ဝှက်ညွှန်ကြားကာ BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးပြုလုပ်ပြီး တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးကို ခရိုင်ကွပ်ကဲရေးတာဝန်ခံ စွမ်းသူမောင်နဲ့ ပုလဲမြို့နယ်
မြန်မာသတင်း

ကော်သူးလေအစိုးရနဲ့ လုံးဝ ပတ်သက်မှုမရှိဘူးလို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 37 Views
ဇန်နဝါရီလ (၉)ရက်။ စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA ရဲ့ ကော်သူးလေအစိုးရ(G.O.K)ဖွဲ့စည်းတာနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ KNU က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသလို KNU က ချမှတ်ထားတဲ့