နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကချင်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ ကုလအတွင်းရေးမှူးချုပ်ပြော

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့လုပ်ရပ် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အောက်တိုဘာလ ၁၀ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။


အောက်တိုဘာလ (၉)ရက်နေ့က ကချင်ပြည်နယ်က မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်အများအပြား၊ နေရပ်စွန့်ခွာထွက်ပြေးသူတွေအပါအဝင် အရပ်သားတွေ ဒါဇင်နဲ့ချီပြီး အသတ်ခံရတဲ့သတင်းအပေါ် ထိတ်လန့်တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။

ကုလအတွင်းရေးမှူးချုပ်အနေနဲ့ ဒေသတွင်း မတည်ငြိမ်မှုကို ဆက်လက်တိုးပွားစေတဲ့ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်လုပ်ရပ်မှု အားလုံးကို ကန့်ကွက်ရှုတ်ချတယ်လို့ ပြောဆိုထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုကို အပြည့်အဝအသုံးချဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ အရပ်သားပြည်သူတွေကို အကူအညီပေးသင့်တယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းထားပါတယ်။

မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ်က ဗုံးကြဲပစ်ခတ်ခဲ့တာလို့ NUG က ပြောဆိုထားပေမယ့် စစ်ကောင်စီဘက်ကတော့ ငြင်းဆိုထားပြီး စုံစမ်းနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 37 Views
စက်တင်ဘာလ (၃)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သီပေါမြို့ ဘော်ကြိုရွာကို စစ်ကောင်စီတပ်က ပေါင်(၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ဟုမ္မလင်း-PDF ရဲ့ ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ဦးကို NUG ဖမ်းဆီးခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 27 Views
စက်တင်ဘာလ (၃)ရက်။ ဟုမ္မလင်းမြို့နယ်-PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ကိုစိုင်းအောင်အပါအဝင် တပ်ဖွဲ့ဝင် (၂၀)ခန့်ကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့
မြန်မာသတင်း

ဒီမော့ဆိုအနီးတဝိုက်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 27 Views
စက်တင်ဘာလ (၃)ရက်။ ဒီမော့ဆိုမြို့အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော်(KNA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလတ်တလောကာလထဲ ဒီမော့ဆိုအနီးတဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့ကြောင့် ပြည်သူတွေ
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရွေးကောက်ပွဲမိန့်ခွန်းနဲ့ စစ်တပ်က ပြည်သူကို ခြိမ်းခြောက်ဝါဒဖြန့်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 31 Views
စက်တင်ဘာလ (၃)ရက်။ စစ်တပ်က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အသုံးပြုကာ ဝါဒဖြန့်သတင်းစာနဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ စစ်တပ်ဟာ ဝါဒဖြန့်သတင်းစာတွေထဲကနေ ၁၉၄၇ခုနှစ် မတ်လ (၁၃)ရက်နေ့က ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ အသံလွှင့်မိန့်ခွန်း
မြန်မာသတင်း

အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေထဲ စစ်ကော်မရှင်ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေရဘူးလို့ဆို

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 22 Views
စက်တင်ဘာလ (၃)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေတွေထဲ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရစေရဘူးလို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရွေးကောက်ပွဲအကြောင်းပြပြီး နယ်မြေချဲ့ထွင်တဲ့ ထိုးစစ်တွေကို နယ်မြေ လုံးဝ(လုံးဝ)မဆုံးရှုံးစေဖို့အပါအဝင် ပြည်သူလူထုလုံခြုံဖို့နဲ့ အကာအကွယ်ပေးဖို့ ဦးစားပေးသွားမယ်လို့ ဆိုပါတယ်။ အထူးတိုင်းစစ်ဌာနအနေနဲ့
မြန်မာသတင်း

ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား(၄)ဦးကို KNLA ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 23 Views
စက်တင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီခွဲအချိန်က ထားဝယ်မြို့ကနေတက်လာတဲ့ စစ်တပ်စစ်ကြောင်းက တပ်သား (၄)ဦးကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့ မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်ကနေ တက်လာတဲ့ စစ်တပ်စစ်ကြောင်းကနေ ခလရ(၂၈၂)တပ်ရင်းက
မြန်မာသတင်း

နတ်မောက်မြို့မှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရကာ (၃)ဦးသေပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 15 Views
စက်တင်ဘာလ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က နတ်မောက်မြို့ ရွာမွန်လမ်းတနေရာမှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ကားကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ရေနံချောင်း-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပိတောက်ငုပ်ပျူရွာက ပျူခေါင်းဆောင် ခင်မောင်ဌေးစီးလာတဲ့ အံစာတုံးကားကို ကြိုတင်သတင်းရတာကြောင့်
မြန်မာသတင်း

ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ စက်တင်ဘာလ 2 ရက်
  • 66 Views
စက်တင်ဘာလ (၂)ရက်။ ဒေသအလိုက် ထွက်ပေါ်လာမယ့် နိုင်ငံရေးအစီအမံတွေကို ထောက်ခံအားပေးသွားမယ်လို့ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ NUG အနေနဲ့ ဒေသအလိုက်