နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

လက်တင်အမေရိက

လက်တင်အမေရိက သဘာ၀ပတ်ဝန်းကျင် အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးစစ်တပ်က မြေပြင်ကနေ ဝင်ရောက်တိုက်ခိုက်မှု မပြုလုပ်ခင် အမေရိကန်နဲ့ ပါလက်စတိုင်း အရပ်သားတွေကို ဂါဇာကမ်းမြောင်ဒေသကနေ အီဂျစ်ကို ထွက်ခွာခွင့်ပေးဖို့ ဆွေးနွေးပွဲများ စတင်ပြုလုပ်နေပြီ ဖြစ်တယ်လို့ အစ္စရေးအကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


လက်ရှိ ဆွေးနွေးနေတဲ့ အဆိုပြုချက်ဟာ အမေရိကန် နိုင်ငံသားအားလုံးကို သူတို့ရဲ့နိုင်ငံကူးလက်မှတ် ပြသစေပြီး ရာဖာ (Rafah) စစ်ဆေးရေးဂိတ်ကို ဖြတ်ကျော်နိုင်မယ်လို့ စေ့စပ်ညှိနှိုင်းမှုနဲ့ နီးစပ်တဲ့တာဝန်ရှိသူများက CNN သို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပါလက်စတိုင်းအရပ်သားတွေကို တနေ့ကို လူ ၂,၀၀၀ ကန့်သတ်ပြီး ထွက်ခွာခွင့်ပေးမယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမှာ နောက်ဆုံးအတည်ပြုချက်ကတော့ ဂါဇာနဲ့ အီဂျစ်အကြားရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ထိန်းချုပ်တဲ့ အီဂျစ်ဘက်က လာရမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းများ တတ်နိုင်သမျှ အများအပြား ထွက်ခွာခြင်းဟာ အစ္စရေးရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း အစ္စရေးအစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သိန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပေမယ့် သွားစရာနေရာ မရှိပါဘူး။ ဂါဇာဟာ အရှေ့အလယ်ပိုင်းတစ်ခုလုံးမှာ အသေးငယ်ဆုံးနဲ့ လူဦးရေအထူထပ်ဆုံးမြို့များထဲက တစ်ခုဖြစ်ပါတယ်။

ဂါဇာရှိ အမေရိကန်နိုင်ငံသားတွေဟာ အစ္စရေးတပ်ဖွဲ့များရဲ့ ပြင်းထန်စွာ တိုက်ခိုက်မှု ခံနေရတဲ့ ဂါဇာမှာ ဘေးကင်းလုံခြုံတဲ့ လမ်းကြောင်းမရှိဘဲ ပိတ်မိနေတယ်လို့ CNN ကို ပြောဆိုခဲ့ပြီး ကြောက်ရွံ့မှုနဲ့ စိတ်ပျက်မှုကို ဖော်ပြခဲ့ကြပါတယ်။
တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မှ အီဂျစ်ကို ဖြတ်သွားလို့ရတဲ့ တစ်ခုတည်းသာရှိတဲ့ လမ်းကြောင်းကိုလည်း အစ္စရေးစစ်တပ်က တိုက်ခိုက်နေပြီး အစ္စရေးစစ်တပ်က ဝင်ရောက်ကျူးကျော်လာမယ်လို့ ယူဆတဲ့အတွက် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ပိတ်ထားခဲ့ရပြီးဖြစ်ပါတယ်။

ဂါဇာကမ်းမြှောင်မှ ဟားမတ်စ် စစ်သွေးကြွတွေရဲ ပြင်းထန်တဲ့ တိုက်ခိုက်မှုအပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်စ်တို့ဟာ ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် စစ်ကာလယာယီအရေးပေါ်အစိုးရတရပ် ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါတယ်။

နေတန်ယာဟုနဲ့ မစ္စတာဂန့်ဇ်တို့နဲ့အတူ ယာယီအရေးပေါ်အစိုးရအဖွဲ့သစ်မှာ ကာကွယ်ရေးဝန်ကြီး ယော့ဗ်ဂဲလန့်လည်း ပါဝင်မှာဖြစ်ပါတယ်။


Source: CNN, Japan /ဓာတ်ပုံစာ/ဂါဇာကမ်းမြောင်ရှိ Jabalia ဒုက္ခသည်စခန်းတွင် အောက်တိုဘာလ (၁၁) ရက်နေ့က ဒုက္ခသည်တစ်ဦး မွေ့ရာများကို သယ်လာစဉ် Photo: Mahmud Hams/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်၏ ဆန္ဒပြမှုနှိမ်နင်းရေး နည်းဗျူဟာဟောင်းထဲသို့ အဆင့်မြင့် နည်းပညာသစ်များ ပေါင်းထည့်လာခြင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၉ရက် အီရန်နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြပွဲများကို လျင်လျင်မြန်မြန်နှင့် ပြတ်ပြတ်သားသား နှိမ်နင်းရန်အတွက် အီရန်အစိုးရသည် နည်းပညာသစ်များကို အသုံးပြုလာခဲ့သည်။
ဂျာမဏီ နိုင်ငံတကာသတင်း နော်ဝေး ပြင်သစ် ဗြိတိန် အမေရိကန် ဥရောပ

ထရမ့်၏ သွင်းကုန်ခွန် နှင့် ဥရောပ၏ ‘ကုန်သွယ်ရေး ဘာဇူကာ’ – ဂရင်းလန်း အရေးအခင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 33 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် သမ္မတ ဒေါ်နယ်ထရမ့်၏ ဂရင်းလန်းကျွန်း (Greenland) အရေးနှင့် ပတ်သက်ပြီး နောက်ဆုံး ထုတ်ပြန်လိုက်သည့် သွင်းကုန်ခွန် ခြိမ်းခြောက်မှုများနှင့် ဥရောပ၏ တုံ့ပြန် ဆောင်ရွက်နိုင်ခြေ ရှိသည့်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုမှ ထရမ့်ကို သူမ၏ နိုဘယ်ဆု ပေးအပ်သော်လည်း ထောက်ခံမှုကတိအစား အမှတ်တရလက်ဆောင်အိတ်သာ ရရှိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 49 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၆ရက် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) သည် ကြာသပတေးနေ့က အိမ်ဖြူတော်သို့ ရောက်ရှိလာချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အလိုချင်ဆုံးဖြစ်နေသည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို လက်ဆောင်အဖြစ်
နိုင်ငံတကာသတင်း အမေရိကန် အီရန် ဥရောပ

နို့ဘူးများ၊ ခွေးဆွဲလျှောတိုက်လှည်းများနှင့် အီရန်ကို ဗုံးကြဲမည့်ခြိမ်းခြောက်မှုများကြားမှ ထရမ့်၏ ‘ရူးသွပ်ဖွယ်ကမ္ဘာ’ အကြောင်း

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 15 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၅ရက် ဒေါ်နယ်ထရမ့် ပြောသလိုဆိုလျှင်တော့ ဒါဟာ “ရူးသွပ်နေတဲ့ ကမ္ဘာကြီး” (Crazy world) ပါပဲ။ ကမ္ဘာ့စိတ်အာရုံကို ဖမ်းစားထားနိုင်ပြီး လူကို အလွန်အမင်း မောဟိုက်နွမ်းနယ်စေသည့် အမေရိကန်သမ္မတ၏ သြဇာအာဏာမှာ ဗုဒ္ဓဟူးနေ့တွင်
နိုင်ငံတကာသတင်း ဗင်နီဇွဲလား အမေရိကန်

မာချာဒို၏ အကြံပြုချက်အပေါ် နိုဘယ်လ်အဖွဲ့အစည်းက ငြိမ်းချမ်းရေးဆုကို လွှဲပြောင်းပေး၍မရနိုင်ကြောင်း တုံ့ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 47 Views
ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒို (María Corina Machado) က သူမရရှိထားသည့် ၂၀၂၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အား လွှဲပြောင်းပေးကောင်း ပေးနိုင်သည်ဟု ပြောဆိုခဲ့ပြီးနောက်၊ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် အမေရိကန်တို့အကြား ခါးသီးလှသော အားပြိုင်မှု၏ ကံကြမ္မာအလှည့်အပြောင်း အခန်းကဏ္ဍသစ်တစ်ခုဆီသို့ ဦးတည်ပြောဆိုနေပုံရသည်။

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 14 ရက်
  • 59 Views
CNN-၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက် အီရန်နိုင်ငံ၏ သီအိုကရက်တစ်အစိုးရ (ဘာသာရေးအခြေခံအစိုးရ) အကျပ်အတည်းဆိုက် နေချိန်တွင် ဆန္ဒပြသူများကို ကူညီရန် အမေရိကန်က စစ်ရေးအရ တိုက်ခိုက်မှုများပြုလုပ်ရန် အကြောင်းပြချက်မှာ တစ်နာရီထက်တစ်နာရီ ပိုမိုအရေးကြီးပြီး ခိုင်လုံလာနေသည်။ အီရန်ခေါင်းဆောင်များက သူတို့ဘက်က အရင်ပစ်ခတ်လျှင်
ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 69 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့ ဦးဆောင်သည့် ပူးတွဲစစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ဆယ်စုနှစ်တစ်ခုအကြာတွင်၊ ယခုအခါ