နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေကို နိုင်ငံတော်အကြီးအကဲတွေက တွေ့ဆုံအားပေးတာတွေပြုလုပ်ခဲ့

NUG နဲ့ CRPH ရဲ့ နိုင်ငံတော်အကြီးအကဲတွေက ပြည်သူ့တော်လှန်ရေးရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်နေ့က အွန်လိုင်းကတစ်ဆင့် တွေ့ဆုံအားပေးခဲ့တယ်လို့ MOD ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


အခမ်းအနားကို NUG ရဲ့ ယာယီသမ္မတနဲ့ CRPH ဥက္ကဌအပါအဝင် ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအဖွဲ့ဝင်တွေ၊ ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးအပြင် အတွင်းဝန်တွေ၊ PDF စစ်ရုံးချုပ်က အရာရှိတွေ၊ စစ်ဒေသ၊ စစ်တိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်နဲ့ ပကဖတာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲမစခင်မှာ မုံလိုင်ခတ်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ် ပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်ကြောင့် သေဆုံးသွားရတဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေအတွက် စက္ကန့် (၃၀) ငြိမ်သက် ဆုတောင်းမေတ္တာပို့သခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအဖွဲ့ဝင် ဝန်ကြီးတွေဖြစ်တဲ့ ဖက်ဒရယ်ရေးရာဝန်ကြီး ဒေါက်တာဆလိုင်းလျန်မုန်းဆာ‌ခေါင်းနဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တို့က ခွန်အားပေးစကားတွေ ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ကို သက်ဆိုင်ရာစစ်ဒေသနဲ့ တိုင်းစစ်ဌာနအပါအဝင် ပကဖ တာဝန်ရှိသူတွေက ဒေသရဲ့တော်လှန်ရေးအခြေအနေတွေကို အသီးသီးတင်ပြဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အထက်ပါဆွေးနွေးချက်တွေကို ကာကွယ်ရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတို့က ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသလို ယာယီသမ္မတနဲ့ ဝန်ကြီးချုပ်တို့ရဲ့ ဆွေးနွေးချက်တွေနဲ့ လမ်းညွှန်ချက်တွေကို ခံယူခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
NUG ရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာတူးခေါင်ရဲ့ “ အလှူငွေမရရင် တော်လှန်ရေး ရပ်ပစ်ရုံပဲ” ဆိုတဲ့ အသံဖိုင် ပေါ်ထွက်လာပြီးတဲ့နောက် လူမှုကွန်ရက်စာမျက်နှာတွေမှာ NUG အပေါ် ဝေဖန်မှုတွေ မြင့်တက်လာပြီး NUG အတွက် တရားဝင် ရန်ပုံငွေရှာဖွေပေးနေတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေလည်း နှုတ်ထွက်သွားတာတွေ ဖြစ်လာနေတယ်လို့ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ ရင်းနှီးတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 17 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA နဲ့တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွှေရင်မျှော်ဆရာတော်ရဲ့သင်္ကန်းကို အဆောင်အယောင်အနေနဲ့ ကိုးကွယ်နေကြရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 18 Views
ဇွန်လ (၂၄)ရက်။ ပုသိမ်ခရိုင်ထဲ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ ရိုးမတောထဲ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေက စစ်ဗိုလ်တွေအပါအဝင် တပ်ဖွဲ့တွေဟာ နေ့တိုင်း စစ်ရှိန်ပြင်းထန်လာတာနဲ့အတူ တပ်ပြေးအနေနဲ့ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ရွှေကူခရိုင်ထဲနေသူတွေ စစ်ကောင်စီနဲ့ မပတ်သက်ကြဖို KIA သတိပေး

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 16 Views
ဇွန်လ (၂၄)ရက်။ ရွှေကူခရိုင်နယ်မြေထဲ နေထိုင်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်တာ မလုပ်ကြဖို KIA က မနေ့ကရက်စွဲနဲ့ သတိပေးထားတယ်လို သိရပါတယ်။ စစ်ကောင်စီနဲ့ မပတ်သက်ဖို KIA က သတိပေးတာမှာ ရွှေကူခရိုင်ထဲ နေထိုင်တဲ့ ပြည်သူတွေနဲ့
မြန်မာသတင်း

နွားထိုးကြီးတိုက်ပွဲထဲ စစ်ကောင်စီတပ်ဘက်က တပ်ပျက်ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၂၁)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်ခန့်က နွားထိုးကြီးမြိုမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို နွားထိုးကြီး-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်ဟာ ဖက်ခူးရွာကနေ ထွက်လာချိန် မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတိုနဲ့ (၁)နာရီနီးပါးကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်ကောင်စီရဲ့လေယာဉ်တစီး ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ မြိုင်နယ်ထဲ စစ်ကောင်စီရဲ့ Mi-17 လေယာဉ်တစီးကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို မြိုနယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြိုင်နယ်ရှိ တွင်းမပျုစောထီးရွာထဲ လေယာဉ်ဆင်းသက်ချိန် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးခဲ့တာလို ဆိုပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းက စိတ်ရောဂါသည်အပါအဝင် ပြည်သူ (၅)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
ဇွန်လ (၂၃)ရက်။ ဇွန်လ (၁၅)ရက်နေ့မှာ ကမ္မဒေသကနေ မြိုင်နယ်တောင်ပိုင်းရှိ ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ We Love Myaing ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိတ္ထီလာက တပ်မ(၉၉)နဲ့ ပခုက္ကူက
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့ကြား အင်အားသုံးဖြေရှင်းတာကို PRF နဲ့ PDA ဆန့်ကျင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
ဇွန်လ (၂၃)ရက်။ တော်လှန်ရေးအဖွဲ့အချင်းချင်းကြား အင်အားသုံးဖြေရှင်းတဲ့အပေါ် ဆန့်ကျင်ရှုတ်ချတယ်လို့ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)နဲ့ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်(PDA)တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီလိုဖြေရှင်းတာတွေကြောင့် မိုင်းထိမှန်ကာ ထိခိုက်ခဲ့တဲ့ PDF ရဲဘော်တွေရှိလာတာနဲ့ PLA ရဲဘော်တွေရဲ့ မိသားစုဝင်တွေ လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးခံရတာ စတဲ့