နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း ဥရောပ

အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲအကြောင်း သတင်းမှားတွေက ဆိုရှယ်မီဒီယာကို လွှမ်းမိုးနေပါတယ်။

ဟားမတ်စ်စစ်သွေးကြွများသည် စနေနေ့နံနက်က အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်စီးနင်းပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း ပဋိပက္ခကို ပြသရန် ရည်ညွှန်းသည့် ဗီဒီယိုများနှင့် ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် ပြည့်နှက်နေပြီး ကမ္ဘာတစ်ဝှမ်းမှ ကြည့်ရှုသူများကို စိတ်ကူးယဉ်ဆန်သောဇတ်လမ်းနှင့် တကယ့်အချက်အလက်များကို ခွဲခြားရန် ခက်ခဲစေသည်။

နောက်ဆက်တွဲ သတ်ဖြတ်ခံရမှု၏ အစစ်အမှန်ပုံရိပ်နှင့် အချက်အလက်များစွာ ထွက်ပေါ်လာသော်လည်း ၎င်းတို့သည် မှားယွင်းသော အရေးဆိုမှုများကို အားပေးခြင်းနှင့် အခြားဖြစ်ရပ်များမှ ဗီဒီယိုများကို လွဲမှားစွာအသုံးချပြီး အသုံးပြုသူများနှင့် ရောနှောနေပါသည်။ လုပ်ကြံဖန်တီးမှုများကြားတွင်၊ အသုံးပြုသူများသည် အစ္စရေးထိပ်တန်း တပ်မှူးတစ်ဦး ပြန်ပေးဆွဲခံရကြောင်း မမှန်မကန် ပြောဆိုမှုများ မျှဝေခဲ့ကြပြီး သမ္မတဂျိုးဘိုင်ဒင်က အစ္စရေးအတွက် ထောက်ပံ့ငွေ ဘီလီယံနှင့်ချီရှိကြောင်း ပြသရန် အိမ်ဖြူတော်၏မှတ်စုကို ဖြန့်ဝေထားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဟောင်းနွမ်းပြီး မသက်ဆိုင်သော ဗီဒီယိုများကို မမှန်မကန် လွှင့်တင်ခဲ့သည်။

သတင်းမှား


အစ္စရေးစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီး Nimrod Aloni အား စနေနေ့က ဂါဇာကမ်းမြှောင်အနီးရှိ အစ္စရေးတောင်ပိုင်းမြို့များသို့ အသေအပျောက်များသော ကျုးကျော်မှုအတွင်း ဟားမတ်စ်စစ်သွေးကြွများက ဖမ်းမိခဲ့သည်ဆိုသည့် သတင်းထွက်ပေါ်လာခဲ့သည်။ ဖြစ်ရပ်မှန်မှာ- ဤပြောဆိုချက်အတွက် မှန်ကန်မှုမရှိကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။ Aloni ကို အစ္စရေး ထိပ်တန်း စစ်ဘက်အရာရှိများ အစည်းအဝေးတွင် တနင်္ဂနွေနေ့က တွေ့ရသည်။ ဟားမတ်စ်အဖွဲ့မှ အစ္စရေးကို တိုက်ခိုက်ပြီးနောက် စနေနေ့တွင် Aloni သည် ဓားစာခံများထဲမှ Aloni ဖြစ်သည်ဟု မှားယွင်းစွာ ပြောဆိုမှုမှာ အွန်လိုင်းတွင် ပျံ့နှံ့သွားခဲ့သည်။

“အစ္စရေးတပ်မှူး Nimrod Aloni နဲ့အတူ ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်သားတွေကို ဖမ်းမိခဲ့ပါတယ်” ဆိုသည့်သတင်းကို Like ပေါင်း ၄၃,၀၀၀ ကျော် ရရှိခဲ့သည့် Instagram ပို့စ်တွင် ဖော်ပြထားသည်။

“ ပါလက်စတိုင်း တော်လှန်ရေးသမားတွေက အိမ်နီးချင်း သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့ ဂါဇာနားက အစ္စရေး စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ခဲ့ကြပြီး အစ္စရေးတပ်မှူး Nimrod Aloni နဲ့အတူ ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်သားတွေကို ဖမ်းမိခဲ့တယ်” ဟု သတင်းလွှင့်ခဲ့သည်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Daniel Hagari က Aloni ကို ဖမ်းထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ “မမှန်ဘူး” ဟု စနေနေ့က သတင်းထောက်များကို ပြောလိုက်သည်။


သတင်းမှန်

တနင်္ဂနွေနေ့က စစ်ပွဲအကြောင်း ဆွေးနွေးနေသည့် IDF ထိပ်တန်းအရာရှိများ၏ အစ္စရေးစစ်တပ်၏တရားဝင် YouTube ချန်နယ်တွင် တင်ထားသော ဗီဒီယိုတစ်ခုတွင် Aloni ကို ၁၀ စက္ကန့်အတွင်း ရှင်းရှင်းလင်းလင်း မြင်ရသည်။ တနင်္ဂနွေ၏ရက်စွဲကို နောက်ခံရှိ ဆလိုက်တစ်ခုပေါ်တွင် မြင်တွေ့နိုင်သည်။

IDF သည် အစည်းအဝေးမှ ပုံလေးပုံကို အွန်လိုင်းတွင် လွှင့်တင်ခဲ့သည်။ ညာဘက်အောက်ခြေရှိ Aloni ကို ညာဘက်အစွန်တွင် ပြသထားသည်။ ဗီဒီယိုနှင့် ရုပ်ပုံပါ အမျိုးသားသည် Aloni ဖြစ်ကြောင်း အစ္စရေးစစ်တပ်က အေပီသတင်းဌာနကို အတည်ပြုခဲ့သည်။ ဟားမတ်စ် စစ်သွေးကြွများသည် ဂါဇာတွင် အစ္စရေး အရပ်သားများနှင့် စစ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း အစ္စရေးစစ်တပ်က အတည်ပြုခဲ့သည်။ အစ္စရေးစစ်တပ်က သတိပေးချက် မရှိဘဲ ဂါဇာကမ်းမြှောင်ရှိ အရပ်သားပစ်မှတ်များကို ဗုံးကြဲသည့်အခါတိုင်း ဓားစာခံတစ်ဦးကို သတ်ပစ်မည်ဟု စစ်သွေးကြွများက သတိပေးထားသည်။


သတင်းမှား

သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးသို့ စစ်ဘက်ဆိုင်ရာ အကူအညီ ဒေါ်လာ ၈ ဘီလီယံ ပေးပို့မည်ဟု ကြေညာထားကြောင်း သတင်းတွင် ဖော်ပြသည်။ ဖြစ်ရပ်မှန်မှာ ထိုသတင်းသည် အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် မျှဝေနေသည့် လုပ်ကြံဖန်တီးထားပြီး သမ္မတ ဂျိုးဘိုင်ဒန်သည် ယင်းကဲ့သို့ ကြေညာခြင်း မပြုကြောင်း အိမ်ဖြူတော်က တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။


ထို့ပြင် အွန်လိုင်းတွင်ဖော်ပြထားသည့် မှတ်စုတိုတခုတွင် အိမ်ဖြူတော် ဝဘ်ဆိုဒ်တွင် တင်ထားသော အခြားအမှာစာများကဲ့သို့ ဖော်မတ်ပြုလုပ်ထားပြီး ထိပ်တွင် အဖြူအပြာရောင် အိမ်ဖြူတော်လိုဂိုနှင့် အောက်ခြေတွင် ဘိုင်ဒန်၏ အမည်ကို ဖြည့်စွက်ထားသည်။ “ဘိုင်ဒန်သည် အစ္စရေးသို့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ငွေ ဒေါ်လာ ၈ ဘီလီယံ ပေးပို့ရန် ဖြစ်သည်” ဟု ယခင်က Twitter ဟုခေါ်သော ဆိုရှယ်မီဒီယာ ပလက်ဖောင်း X တွင် မှတ်စုတိုကို မျှဝေခဲ့သူ အသုံးပြုသူတစ်ဦးက ရေးသားခဲ့သည်။ သို့သော် ကျယ်ကျယ်ပြန့်ပြန့် မျှဝေထားသည့် မှတ်စုသည် အတုဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sean Savett က တနင်္လာနေ့တွင် အတည်ပြုခဲ့သည်။

သတင်းမှန်နှင့်ရောနေသည့်ဗီဒီယိုလုပ်ကြံမှု

ဟားမတ်စ်တိုက်ခိုက်ရေးသမားများသည် အစ္စရေးကို အံ့အားသင့်စွာ တိုက်ခိုက်နေစဉ်အတွင်း အစ္စရေးနိုင်ငံသားများကို မတိုက်ခိုက်မီ အားကစားကွင်းတစ်ခုပေါ်သို့ လေထီးခုန်နေသည့် ဗီဒီယိုကို ပြသထားသည်။


ဖြစ်ရပ်မှန်တခုမှာ ဂါဇာနှင့် အစ္စရေးတောင်ပိုင်းကြား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ရေးသမားများကို ဂါဇာကမ်းမြောင်ဖြတ်ကျော်ရန် ဟားမတ်စ်က လေထီးစက်တပ် ပျံသန်းသမား (paragliders) အနည်းငယ်ကို အသုံးချခဲ့သော်လည်း အွန်လိုင်းတွင်တင်သည့် သတင်းမှာ ည် အီဂျစ်နိုင်ငံ ကိုင်ရိုတွင် အားကစားကွင်းအတွင်းမှ လေထီးခုန်သမားများ လေထီးခုန်ပြသသည့်သတင်းကို ခိုးယူထားခြင်းဖြစ်ပြီး စက်တင်ဘာလကတည်းက အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့်သတင်းဖြစ်သည်။

ဗီဒီယိုဖိုင်တွင် အနီရောင် အားကစားဂျာစီများ ဝတ်ထားသော ကလေးများနှင့် မိသားစုများ ပြည့်နှက်နေသော လူစည်ကားသော အားကစားကွင်းတစ်ခုပေါ်သို့ ရောင်စုံလေထီးများ ကြိုးတပ်ထားသူများကို ပြသထားသည်။

“ဟားမတ်စ်တွေဟာ အစ္စရေးနိုင်ငံသားတွေကြား အလျှိုလျှိုပြေးလာပြီး သူတို့ကို အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်” ဟု ဗီဒီယိုကလစ်ပေါ်တွင် စာသားတွင် ဖော်ပြထားသည့် TikTok တွင် အထင်မှားစေမည့် ပို့စ်တစ်ခုအား ကြည့်ရှုမှုအကြိမ်ရေ ၃၈,၀၀၀ ကျော်ရှိခဲ့သည်။

သို့ရာတွင် ယင်းဗီဒီယိုဖိုင်ကို TikTok တွင် Location Tag “Egypt” ဟု ထည့်ထားပြီး အနည်းဆုံး စက်တင်ဘာ ၂၇ ကတည်းက အွန်လိုင်းတွင် တင်ထားသည်။


သတင်းမှား


ယခု နောက်ဆုံး ဂါဇာစစ်ပွဲတွင် အမေရိကန်အား “ဝေးဝေးနေ” ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် သတိပေးသည့် ဗီဒီယိုနှစ်ခုကို ပြသထားသည်။


ဖြစ်ရပ်မှန်များ

အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် ဗီဒီယိုနှစ်ခုစလုံးသည် အင်္ဂလိပ်ဘာသာဖြင့် လွဲမှားစွာ ပုံဖော်ထားသော အရှေ့အလယ်ပိုင်း၏ ပဋိပက္ခ မဟုတ်ဘဲ ရုရှား-ယူကရိန်းစစ်ပွဲအကြောင်း ပြောဆိုနေသည့် ပူတင်၏ ယခင်က ပြောကြားသည့် ဗီဒီယိုဖိုင်များသာ ဖြစ်သည်။


ဗီဒီယိုနှစ်ခုစလုံးတွင် ပူတင်သည် ဂျူးနိုင်ငံကို ကူညီခြင်းမှ ရှောင်ကြဉ်ရန် အမေရိကန်အား သတိပေးထားကြောင်း အင်္ဂလိပ် အတုအယောင် စာတန်းများဖြင့် ရုရှားဘာသာဖြင့် ပြောဆိုနေသည်ကို ပြသထားသည်။


“အတိတ်တုန်းက ယူကရိန်းကို ဖျက်ဆီးခဲ့သလို အမေရိကန်က အစ္စရေးကို ဖျက်ချင်တယ်” ဟု ဗီဒီယိုတစ်ခုတွင် စာတန်းထိုးထားသည်။ “အမေရိကန်ကို သတိပေးနေပါတယ်။ ရုရှားက ပါလက်စတိုင်းကို ကူညီမယ်ဒီကိစ္စအတွက် အမေရိကန်က ဘာမှလုပ်လို့ မရနိုင်ဘူး။” အဆိုပါ ဗီဒီယိုကို မျှဝေသည့် TikTok ပို့စ်တစ်ခုသည် တနင်္လာနေ့အထိ ကြည့်ရှုမှုပေါင်း ၁၁,၆၀၀ ခန့် ရရှိခဲ့သည်။


မတူညီသောနေရာတစ်ခုတွင်ရိုက်ကူးထားသော ပူတင်၏အခြားဗီဒီယိုတစ်ခုတွင် စာတန်းသည် အလားတူရေးသားထားသည်- “ ပါလက်စတိုင်းအစ္စရေးစစ်ပွဲမှ ဝေးဝေးနေရန် အမေရိကန်ကို ကျွန်ုပ် သတိပေးပါသည်” ဟု စာတမ်းထိုးထားသည်။


အယ်ဒီတာမှတ်ချက်


ထိုကဲ့သို့ တကယ့်အဖြစ်အပျက်များကို မူတည်ပြီး ယနေ့ခေတ်တွင် အွန်လိုင်းတွင် သတင်းအတု အယောင် ဖန်တီးခြင်းဖြင့် ကြည့်ရှုသူများအောင် လုပ်ကြံ ဖန်တီးမှုများသည် ကြည့်ရှုသူများကို အထင်အမြင်မှားမှုများ မလိုလားအပ်သည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သဖြင့် သတိထားဆင်ခြင်သင့်လှပေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ပိတ်ဆို့ထားနှင့်ပြီးဖြစ်သော ရေလက်ကြားကို ထရန့်က အဘယ်ကြောင့် ပြန်လည်ပိတ်ဆို့မည်ဟု ခြိမ်းခြောက်နေသနည်း

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 5 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် သမ္မတ ဒေါ်နယ်ထရန့်က ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ပစ်မည်ဟု
နိုင်ငံတကာသတင်း ဟန်ဂေရီ အမေရိကန် ဥရောပ

ဟန်ဂေရီတွင် အော်ဘန် ရှုံးနိမ့်မှုက ပေါ်ပြူလစ်ဇင် (Populism) သည် ရှေ့ဆက်တိုးမရဘဲ မည်သို့ လမ်းဆုံးသွားနိုင်ကြောင်း ပြသနေသည်

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၁၃ရက် ဘူဒါပတ်စ်၊ ဟန်ဂေရီ — ဗစ်တာ အော်ဘန် ရှုံးနိမ့်သွားခြင်းကြောင့် ဟန်ဂေရီနိုင်ငံတွင် ၂၀၁၀
အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သဘောတူညီချက်လား၊ ထင်ယောင်ထင်မှားလား? ထရမ့်၏ အီရန်အပစ်အခတ်ရပ်စဲရေးနှင့် မြေပြင်မှ ရှုပ်ထွေးမှုများ ထိပ်တိုက်တွေ့ဆုံခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 35 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက် အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ရယူရန်၊ သို့မဟုတ်ပါက သေကြေပျက်စီးမှုများ ဖြစ်ပေါ်လာစေမည့် “ ကမ္ဘာပျက်ကိန်း” သတိပေးချက်ကို ရင်ဆိုင်ရန် သမ္မတ ဒေါ်နယ်ထရမ့်က သတ်မှတ်ထားသည့်
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ တိုက်ပွဲများအပြီးတွင် အီရန်နှင့် အမေရိကန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့ကြသည့် သတင်းအပေါ် အရှေ့အလယ်ပိုင်းနိုင်ငံများက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 60 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားပြီး စတော့ဈေးကွက်များမှာမူ အားကောင်းစွာ ပြန်လည်မြင့်တက်လာခဲ့သည်။ စစ်ပွဲကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 54 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 59 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး