စစ်ကောင်စီတပ်က ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိတဲ့ လိုင်လွမ်အောင်ဂျာကျေးရွာ အနီးတစ်ဝိုက်ကို ဒီနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လိုင်လွမ်ကျေးရွာအနီးကို စစ်ကောင်စီရဲ့ တိုက်လေယာဉ်က နှစ်ကြိမ် ဗုံးလာကြဲသွားခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတိုက်လေယာဉ်နဲ့ လာရောက်ပစ်ခတ်သွားတဲ့နေရာက ကေအိုင်အေ တပ်မဟာ ၅ နယ်မြေတွင်ဖြစ်တယ်လို့ စစ်ရေးနီးစပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ကေအိုင်အေတပ်ဖွဲ့ဝင် တွေက အောင်ဂျာစစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။