နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပြင်ဦးလွင်အိမ်ရာစီမံကိန်း ပထမဆုံးရက်မှာ ဒေါ်လာနှစ်သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG ဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG က တော်လှန်ရေးရန်ပုံငွေအဖြစ် ရောင်းချနေတဲ့ ပြင်ဦးလွင် ဖက်ဒရယ်စမ်းရေအိမ်ရာစီမံကိန်း စတင်ရောင်းချတဲ့ရက်မှာ အမေရိကန်ဒေါ်လာ နှစ်သန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ NUG စီမံ/ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးထားပါတယ်။


တပ်မတော်နည်းပညာတက္ကသိုလ်အနီးက စစ်တပ်ပိုင်မြေတွေကို NUG စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက မြေကွက်တွေသတ်မှတ်ပြီး တော်လှန်ရေးရန်ပုံငွေအနေနဲ့ အောက်တိုဘာ ၇ ရက်မှာ စတင်ရောင်းချခဲ့တာပါ။

တရားဝင်ရောင်းချမှု မစခင်ကတည်းက ဝယ်ယူဖို့ ကြိုတင်စာရင်းပေးမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ သန်း ကျော်ရှိခဲ့သလို စတင်ရောင်းချတဲ့ရက်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃ ကျော်ဖိုး ရောင်းချနိုင်ခဲ့တာလို့ ဆိုထားပါတယ်။

မန္တလေး-လားရှိုး လမ်းမကြီးရဲ့မြောက်ဘက် တပ်မတော်နည်းပညာတက္ကသိုလ်အနီးက စစ်တပ်ပိုင်မြေ ဧက သုံးရာဝန်းကျင်လောက်ကို လူနေအိမ်ရာနဲ့ စီးပွားရေးလုပ်ငန်းတွေ အသုံးပြုဖို့ မြေကွက်တွေ သတ်မှတ်ပြီး NUG က ရောင်းချနေတာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေအနေနဲ့ လက်ရှိတော်လှန်ရေးကာလအတွင်း သတ််မှတ်ရောင်းချဈေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကို တကြိမ်တည်း ပေးသွင်းနိုင်သလို သုံးလအတွင်း သုံးကြိမ်ခွဲသွင်းတဲ့ နည်းလမ်းနဲ့လည်း ဝယ်ယူနိုင်တယ်လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

NUG ရဲ့ စိုးမိုးနယ်မြေ ဒေသ ၃၈ ခုကနေ ၇ လအတွင်း အခွန်ငွေ ကျပ်သုံးဘီလီယံကျော် ရခဲ့တယ်လို့ အခုနှစ်ဆန်းပိုင်းမှာ NUG စီမံ/ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြောထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါနဲ့ နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ သီပေါမြို့နဲ့ နောင်ချိုမြို့တို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတွေကြောင့် နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ရန်ကုန်မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်အမြစ်ဖြတ်ဖို့ လူထုသပိတ် ချီတက်ဆန္ဒပြ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ ဒီကနေ့ ရန်ကုန်မြို့မှာ ပြည်သူတွေနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ လူထုသပိတ်ချီတက်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းထံက သိရပါတယ်။ သပိတ်ချီတက်ရာမှာ
မြန်မာသတင်း

မန္တလေးရှိ တံတားဦးလေဆိပ်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ စက်တင်ဘာလ (၁၇)ရက်‌နေ့ ညပိုင်းက မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ တံတားဦးလေဆိပ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ စက်တင်ဘာ (၁၇)ရက်နေ့ ည (၁၀)နာရီခွဲနဲ့ (၁၁)နာရီကြား တံတားဦးလေဆိပ်ကို လက်နက်ကြီးတွေ
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားဖို့ ရန်-မန်းစစ်ဆင်ရေးတရပ်ဖော်ဆောင်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ ရန်-မန်းစစ်ဆင်ရေးအနေနဲ့ ရန်ကုန်နဲ့ မန္တလေးက တော်လှန်ရေးမဟာမိတ်တွေ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။ ရန်-မန်းစစ်ဆင်ရေးကို Operation Flame(OF)Yangon နဲ့ Operation Flame(OF)Mandalay
မြန်မာသတင်း

ရေဘေးသင့်ပြည်သူတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ပြန်လည်ထူထောင်ဖို့ တတ်နိုင်သလောက် ပံ့ပိုးပေးသွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပျဉ်းမနားမြို့ရှိ ရေဘေးရှောင်စခန်းကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သမိုင်းတလျှောက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သဘာ၀ဘေးအန္တရာယ်ထဲ အခုတကြိမ်က
မြန်မာသတင်း

မိုးကုတ်မြို့ရှိ စစ်ရှောင်တွေကို ဆန်အိတ် (၅၀၀)နဲ့ ကျပ်သိန်း (၁၅၀) MDY-PDF မတည်လှူဒါန်း

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ “ ၁၀၂၇ စစ်ဆင်ရေး” ထဲ စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့ရှိ ကျေးရွာတွေကို ဆန်အိတ်အပိုင်း (၅၀၀)နဲ့ ငွေသားကျပ်သိန်း (၁၅၀) မတည်လှူဒါန်းခဲ့တယ်လို့ MDY-PDF ရဲ့ မမေ့င ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မိုးကုတ်မြို့ရှိ
မြန်မာသတင်း

အုတ်တွင်းမြို့ရှိ ရေဘေးရှောင်စခန်းတစ်ခုက လူ (၂၀၀)ခန့် အစာအဆိပ်သင့်ပြီး အရေးပေါ်ဆေးရုံတင်ခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ မနေ့က ည (၈)နာရီအချိန်မှာ အုတ်တွင်းမြို့၊ ၀က်ဖြူကုန်းရွာရှိ ရွှေဖြူရတနာကျောင်းတိုက် ရေဘေးရှောင်စခန်းက လူ (၂၀၀)ခန့် အစာအဆိပ်သင့်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ကူညီပေးနေသူတွေထံက သိရပါတယ်။ “ ၀က်ဖြူကုန်း ရွှေဖြူရတနာကျောင်းမှာ ရေဘေးခိုလှုံနေတဲ့သူတွေ အလှူရှင်တွေ
မြန်မာသတင်း

ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၅)နေရာ တပြိုင်ထဲတိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်
  • 6 Views
စက်တင်ဘာလ (၁၉)ရက်။ စက်တင်ဘာလ (၁၇)ရက်နေ့က ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၅)နေရာကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force(FRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီနေရာတွေဟာ ဒီပဲယင်းမြို့ပေါ်ရှိ ကံပြားရွာ