နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NUG အနေနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ တော်လှန်ရေးအင်အားစုတွေ စုပေါင်းတောင်းဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားသူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူပေးဖို့ တော်လှန်ရေးအင်အားစုတွေက အောက်တိုဘာလ (၁၂)ရက်နေ့ရက်စွဲနဲ့ စုပေါင်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။


“ နွေဦးတော်လှန်ရေးကာလအတွင်း လိင်အကြမ်းဖက်မှုများနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား ထိရောက်တိကျသော အရေးယူမှုများရှိစေရန် တော်လှန်ရေးအင်အားစုများမှ စုပေါင်းတောင်းဆိုချက်” တစ်စောင် ထုတ်ပြန်လာခဲ့တာပါ။

ကြားကာလမှာ တရားဥပဒေစိုးမိုးမှု လျော့ရဲတဲ့နည်းတူ ကလေးသူငယ်၊ အမျိုးသမီးတွေနဲ့ အခြားလူပုဂ္ဂိုလ်များအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူတွေကို လူမှုရေးပြစ်ဒဏ်ပေးတာ မရှိသလောက် အားနည်းနေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။

NUG အပါအဝင် အဖွဲ့အစည်းအသီးသီးအနေနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အမြတ်ထုတ်တာ၊ မဖွယ်မရာပြုတာအပြင် အလားတူဖြစ်စဉ်တွေကို ဖုံးကွယ်လျစ်လျူရှုထားတာက မသင့်တော်ဘဲ နစ်နာသူတွေဘက်က ရပ်တည်ပေးဖို့ လိုအပ်တယ်လို့ ပြောဆိုထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူတွေအနေနဲ့ အကူအညီတောင်းခံ တိုင်ကြားနိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ တိုင်းရင်းသား EAO ဒေသတွေက ပူးပေါင်းပါဝင်တဲ့ အကာအကွယ်ပေးရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားတဲ့အမှုတွေနဲ့ပတ်သက်ပြီး ထိရောက်စွာအရေးယူမှု ရှိမရှိကို တာဝန်ရှိသူတွေအနေနဲ့ ချပြဖို့လိုအပ်ပြီး ထိရောက်တဲ့အရေးယူတာ မတွေ့ရသ၍ နစ်နာသူတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးဦးဆောင်အဖွဲ့တွေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်နေတယ်လို့ NUG ဝန်ကြီးချုပ်ပြော

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 18 Views
မတ်လ (၁၀)ရက်။ NUG အနေနဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့တွေအကြား နိုင်ငံရေးအရ ကျေလည်မှုရှိစေဖို့အတွက် အချိန်ပေး တွေ့ဆုံဆွေးနွေးတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက
မြန်မာသတင်း

ထရမ့်အစိုးရ ရင်ဆိုင်နေရသော ဆိုးရွားသည့် ရွေးချယ်မှု- စီးပွားရေး ပျက်ကပ်လား သို့မဟုတ် ရေတပ် ပြိုကျမှုလား?

  • 2026 ခုနှစ်၊ မတ်လ 10 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက် ထရမ့်အစိုးရသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုနှင့် ရေတပ်ဆိုင်ရာ
မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 27 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က ညောင်လေးပင်မြို့ရှိ ကျေးရွာတွေကို စစ်ကြောင်း (၄)ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 25 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကစယ်ဒိုမြို့ ဘန်းချောင်းရွာအုပ်စုမှာ ဗိုလ်စောအယ်ခွီး(ခ)ကော်လားဖိုး
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 30 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့