ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ပဲခူးရေကြီးမှုဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ခဲ့ပါတယ်။ လူ ၂ သောင်းလောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရသလို အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
ဒီကနေ့မှာဆိုရင်တော့ ရေကျသွားပြီလို့ ပြောဆိုနေပေမယ့် မနေ့ကထိ ထုတ်ပြန်ခဲ့တဲ့ မိုးဇလရဲ့ ထုတ်ပြန်ချက်မှာတော့ စိုးရိမ်ရေမှတ်ရဲ့ ၂ ပေ အထက်မှာ ရှိနေသေးတယ်လို့ သိရပါတယ်။ ဒီအကြောင်းတွေကို ကြည့်ရှုနားဆင်နိုင်ပါပြီ။