နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NCA (၈) နှစ်ပြည့်တက်ဖို့ RCSS ဥက္ကဋ္ဌ နှင့် KNU ဥက္ကဋ္ဌဟောင်း နေပြည်တော်သို့ရောက်ရှိ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားကို တက်ရောက်ရန်အတွက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးတို့ဒီကနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ တာချီလိတ်ကနေ လေယာဉ်နဲ့ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။


အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ဥက္ကဋ္ဌ စောလမွန်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင်ဖြစ်ခဲ့ဖူးသူ ဦးခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းတိုကိုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ရဲဘော်မျိုးဝင်းမှာ ABSDF ကိုယ်စားပြု တက်ရောက်တာမဟုတ်ဘဲ တစ်သီးပုဂ္ဂလိက အနေနဲ့ တက်ရောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ။ စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 21 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လူ‌သောမြိုနယ်အခြေစိုက် ကော်သွေးကျိုးတပ်စခန်းကို KNLA ဦးဆောင်တဲ့ ဒရုန်းတပ်ဖွဲတွေအပါအဝင်
မြန်မာသတင်း

ဇီးကုန်းမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်က ပဲခူးအနောက်ခြမ်း ဇီးကုန်းမြိုကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ကို ဘဲအင်းလမ်းဆုံကို
မြန်မာသတင်း

နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 16 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဝရဇိန်တပ်ဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းမကြီး နေပြည်တော်အဝင်က စကစရဲ့ အဖွဲစုံစစ်ဆင်ရေး
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ ဒီဖက်မှာကအချင်းချင်းချနေတယ်။ အညာဒေသမှာ အင်အားရှိတဲ့ BNRA ကို NUGရဲ့ PDFတွေနဲ့ ပကဖတပ်ရင်းတွေ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 38 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကား(၇)စီးနဲ့ တနင်္သာရီကနေ မြိတ်ကို ပြန်ဆန်းလာတဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 35 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ