ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ၃ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ ဖော်တော်ဦးဘုရား ဒေသစာရီကြွချီပူဇော်ပွဲ ပြန်လည် ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ ဖော်တော်ဦးဘုရားဟာ ရတနာစံကျောင်းတော်ကနေ ရွှေအင်းတိန်ကျေးရွာကို ကြွချီခဲ့ပြီး ပွဲတော်စတင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်းခရီးသွား ဧည့်သည်တွေ အများစု လာရောက်ခဲ့ကြပေမယ့် ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို မပါဝင်ကြဖို့ အင်းလေးလူထုလှုပ်ရှားမှုကော်မတီကလည်း တိုက်တွန်းထားပါဝာယ်။