နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 31 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

လိုင်ဇာ မုန်လိုင်ခက်ဖြစ်စဉ် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ရန်ကုန်မှာ လှုပ်ရှားမှုတစ်ရပ်ပြုလုပ်

လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ဒုက္ခသည်စခန်းဖြစ်စဉ်အပေါ် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ရန်ကုန်မြို့မှာ လှုပ်ရှားမှုတစ်ရပ်ကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


အောက်တိုဘာလ (၉)ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အများဆုံးရှိတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေကြေပျက်စီးခဲ့ရပါတယ်။

အဲ့ဒီဖြစ်စဉ်အပေါ် စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ပြည်သူလူထုနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲခဲ့ရတာကြောင့် အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင်ရှုတ်ချကြောင်းနဲ့ အမြစ်ဖြတ်ရန် ပြည်သူတွေကို လှုံ့ဆော်တဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးအမြစ်ဖြတ်ဖို့ လူထုရဲ့ အားအင်ကို အင်မတန်လိုအပ်တယ်လို့ သပိတ်စစ်ကြောင်းက ပြောပါတယ်။

အဲ့ဒီအတွက် ခက်ခဲကြပ်တည်းနေတဲ့ကြားကပဲ ရရာနေရာကနေ ဆက်လက်ပါဝင်ပြီး နိုင်တဲ့ဝန်ကိုထမ်းရင်း “ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ပြည်သူ့အားနဲ့ အမြစ်ဖြတ်ရန်” စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက တိုက်တွန်းထားပါတယ်။
“ ကလေးပါမကျန်သတ်တဲ့ အကြမ်းဖက်စစ်တပ် ပြည်သူ့အားနဲ့ အမြစ်ဖြတ်” အရေးတော်ပုံ မုချအောင်မြင်ရမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နေပြည်တော်မှာ ပိတ်မိနေသူတစ်ဦးကို မြန်မာနဲ့ စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 2 Views
မတ်လ (၃၀) ရက်။ ငလျင်ကြောင့် နေပြည်တော်မှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်တင်နေရာ နေပြည်တော်
မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 1 Views
မတ်လ (၃၀) ရက်။ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က
မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း အပါအဝင် စစ်ကိုင်းမြိုက ပြိုကျအဆောက်အုံတွေမှာ ပိတ်မိနေတဲ့ ၃၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 6 Views
မတ်လ (၃၀) ရက်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊
မြန်မာသတင်း

ရှမ်းပြည်နယ် အောင်ပန်းဟိုတယ် ပြိုကျမှုမှ (၂၀) ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 6 Views
မတ်လ (၃၀) ရက်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အောင်ပန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ “ အောင်ပန်းဟိုတယ်” မှာ ပြိုကျပျက်စီးသွားပြီး လူများ ပိတ်မိနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်လျက်ရှိရာ ဒီနေ့ မတ်
မြန်မာသတင်း

မြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူများအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 4 Views
မတ်လ (၃၀) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ အလွန်အင်အားကြီးတဲ့ ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့ အဖွဲ့အစည်းတွေကတဆင့် အမေရိကန် ဒေါ်လာ၂ သန်း ပံ့ပိုးကူညီပေးအပ်သွားမယ်လို့ ရန်ကုန်ရှိ
မြန်မာသတင်း

မြန်မာနိုင်ငံငလျင် အဏုမြူဗုံး ၃၃၄ လုံးနှင့် ညီမျှတဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် အမေရိကန်ဘူမိဗေဒပညာရှင်ပြော

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 8 Views
မတ်လ (၃၀) ရက်။ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ဟာ အနုမြူဗုံး ၃၃၄ နဲ့ ထုတ်လွှတ်တဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒပညာရှင် ဂျက်ဖီနစ်စ် (Jess
1027 Operations မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် တအာင်းပြည်ထဲ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 6 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ တအာင်းပြည်ရှိ မြို့နယ်တွေမှာ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့် တအာင်းပြည်ထဲ နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊
မြန်မာသတင်း

စစ်ကိုင်းမြို့ ငလျင်ဒဏ်ကြောင့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပြိုကျရာ မူကြိုတက်နေသည့် ကလေးငယ်များနှင့်အတူ ကျောင်းတည်ထောင်သူ ကျောင်းအုပ်ဆရာမကြီးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 15 Views
မတ်လ (၂၉) ရက်။ စစ်ကိုင်းမြို့ အပ်ချုပ်စု ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ခြင်းဖြစ်ရာ မူကြိုတက်နေသည့် ကလေးငယ်များနှင့်အတူ ကျောင်းတည်ထောင်သူ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမအချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအဆောက်အအုံ ပြိုကျသွားတဲ့အချိန် လွတ်မြောက်ခဲ့တဲ့ ကလေးငယ်အချို့