နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံတစ်ဦးကို ပစ်သတ်ခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ မီးရှု့ဖျက်ဆီးတာတွေရှိခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ရှိ လာဘို့ရွာမှာ အောက်တိုဘာလ (၁၈) ရက်နေ့ ညပိုင်းအချိန်က အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။


“ ရင်ပေါင်တန်းရွာက စခ စစ်ကြောင်းနဲ့ လာဘို့က စစ်ကြောင်း ပေါင်းသွားပြီး ကုန်းရွာနဲ့ ပေါက်ပန်းဖြူရွာမှာ အဖွဲ့ခွဲပြီး အထိုင်ချနေကြတာ၊ မြင်သာကုန်းဘက်က ဖမ်းသွားတဲ့သူတွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်ကြားတယ်၊ အခုက စစ်ကြောင်းနဲ့တိုးလို့ဆိုပြီး ပြည်သူတစ်ဦးကို ပစ်သတ်သွားတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့မိခဲ့တာကြောင့် လာဘို့ရွာနေ ဦးကျော်နိုင် အသက် (၅၃) နှစ်ကို ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရကာ ကုန်းရွာဘက်ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

မနေ့က ညပိုင်းအချိန်ထိ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ရင်ပေါင်တိုင်ရွာ အနောက်ဖက် ညောင်တန်းရွာနဲ့ ပေါက်ပန်းဖြူရွာတို့ကို စစ်ကြောင်း နှစ်ကြောင်းဖြင့် လှည့်ပတ်ကာ ဖြန့်ကျက်ထိုးစစ်ဆင်တာတွေ ရှိခဲ့တယ်လို့ ဒေသခံများက ပြောဆိုထားပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်စစ်ကြောင်းရဲ့ နယ်မြေဖြန့်ကျက်ကာ ထိုးစစ်ဆင် ပစ်ခတ်တာတွေကြောင့် ကျွန်းတော၊ ကုန်းရွာ၊ ပေါက်ပန်းဖြူ စတဲ့ ရွာချင်းထိစပ်နေတဲ့ စုစုပေါင်း (၁၄)ရွာခန့်က ဒေသခံပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီနေ့ အောက်တိုဘာလ (၁၉)ရက် နံနက် (၇)နာရီခွဲခန့်မှာတော့ ပေါက်ပန်းဖြူရွာနဲ့ ကုန်းရွာကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တို့အကြား အမေရေယာဉ်ဇီးတောနတ်ကြီးကုန်းအနီး တိုက်ပွဲဖြစ်ပွားနေတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထားဝယ်မြို့က တက်လာတဲ့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၀)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 17 Views
စက်တင်ဘာလ (၁၈)ရက်။ စက်တင်ဘာလ (၁၄)ရက်နေ့က ထားဝယ်မြို့ကနေ တက် လာတဲ့ စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကို ပကာရီရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU
မြန်မာသတင်း

ကန့်ဘလူရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေ မိနစ်ပိုင်းနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ စစ်တပ်ဘက်က အရာရှိအပါအဝင် (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 16 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကန့်ဘလူမြို့နယ်ရှိ ဇီးကုန်းမြို့မရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့ ပူးတွဲထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 57 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ကော်မရှင်နဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့တွေရဲ့ လုပ်ဆောင်ချင်တွေဟာ တရားမဝင်ဘူးလို့ NUCC၊ NUG နဲ့ CRPH တို့က ဒီကနေ့မှာ ပူးတွဲထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုဟာ သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို
မြန်မာသတင်း

စစ်တပ်ရဲ့ အဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖဆီ အလင်းဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 41 Views
စက်တင်ဘာလ (၁၇)ရက်။ ဇူလိုင်လနဲ့ ဩဂုတ်လထဲ စစ်တပ်ရဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်း (၁၄)ဦး ကလေးခရိုင်ပကဖရုံးထံ အလင်းဝင်လာခဲ့တယ်လို့ Wing of Kalay ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာသူတွေဟာ တိုင်းရင်းသားလူငယ်လူရွယ်တွေဖြစ်ပြီး ကလေးခရိုင်ပကဖရုံးရဲ့
မြန်မာသတင်း

မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၅၀၀)စာရင်းထွက်ပေါ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 75 Views
စက်တင်ဘာလ (၁၇)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့ လူ (၄၈၉)ဦးစာရင်းဟာ ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထွက်ပေါ်လာခဲ့တယ်လို သိရပါတယ်။ မင်းအောင်လှိင်အမိန့်နဲ့ ကြံ့ခိုင်ရေးပါတီကို ပြောင်းရွှေ့လာတဲ့အထဲ ဗိုလ်ချုပ်ကြီးအဆင့်အထိကနေ စစ်အရာရှိတွေ၊ ရုံးအုပ်နဲ့ တပ်ကြပ်ကြီးစာရေးတွေအပါအဝင် အောက်ခြေအဆင့်အထိ
မြန်မာသတင်း

မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေး ငွေကျပ် သိန်း(၉၀)အထိ ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ကောက်ယူနေ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 80 Views
စက်တင်ဘာလ (၁၇)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဘုန်းခန့်အောင်ဆိုသူက မင်းအောင်လှိုင်နာမည်သုံးပြီး စစ်မှုထမ်းကြေးအနေနဲ့ ငွေကျပ်သိန်း(၉၀)အထိ ခြိမ်းခြောက်ကောက်ယူနေတယ်လို့ ဒေသခံတွေရဲ့ ခေတ်မျက်လုံးထံ သတင်းပေးပို့ချက်တွေအရ သိရပါတယ်။ “ ဦးဘုန်းခန့်အောင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အမြဲပြောနေကြရှိတယ်။ သူ့မှာ ဆရာတော်ဦးသုမနရှိတယ်၊ဆရာတော်ဦးသုမနက သူ့အခက်အခဲတွေကို
မြန်မာသတင်း

မတ္တရာမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 66 Views
စက်တင်ဘာလ (၁၇)ရက်။ မနေ့က နေ့လယ် (၁)နာရီကျော်အချိန် မတ္တရာမြို့ရှိ ဒီယာရွာနဲ့ ဥက္ကံရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၃)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မတ္တရာ အရှေ့မြောက်ခြမ်းက ဒီယာရွာအနီးနဲ့ ဥက္ကံရွာအနီးကို
မြန်မာသတင်း

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့်ကျင့်ဝတ်တွေဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 17 ရက်
  • 65 Views
စက်တင်ဘာလ (၁၇)ရက်။ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေဆိုပြီး စစ်တပ်လက်အောက်ခံ ရွေး/ကော်က မနေ့ကရက်စွဲနဲ့ အမိန့်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ ရွေး/ကော်ရဲ့ထုတ်ပြန်ချက်ထဲ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းဖို၊ ဘက်မလိုက်ဖို၊ ပါတီနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ခံအားပေးတာ၊ ဆန့်ကျင်တာနဲ့