နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံက ကလေးတွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှုဟာ အန္တရာယ်ရှိတဲ့အနေအထားရောက်နေကြောင်း ကမ္ဘာ့ဘဏ်ပြော

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျောင်းပညာရေးကို စွန့်ခွာခဲ့ရပြီး ပညာသင်ကြားခွင့်ဆုံးရှုံးမှုဟာ အန္တရာယ်ရှိတဲ့အနေအထားကို ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်က အောက်တိုဘာ ၂၄ ရက် အစီရင်ခံစာမှာဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အာဏာစသိမ်းတဲ့နှစ်မှာ ကျောင်းအား လုံး ပြန်ဖွင့်ဖို့ စစ်ကောင်စီကအမိန့်ပေးခဲ့ပေမယ့် တစ်နိုင်ငံလုံးက ဆရာ၊ ဆရာမ ၃၀ ရာခိုင်နှုန်းဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ အလုပ်ဖြုတ်တာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ကျောင်းပညာရေးကို စွန့်ခွာပြီး ကြုံရာအလုပ်ဝင်လုပ်နေရတဲ့ ကလေးနဲ့လူငယ် သန်းနဲ့ချီ ရှိတယ်” လို့ ပညာရေးနယ်ပယ်ရှိ CDM ဆရာတစ်ဦးကပြောပါတယ်။

ဒါအပြင်အာဏာသိမ်း ၂ နှစ်ကျော်ကာလ အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေမှာ ကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက တိုက် ခိုက် မီးရှို့မှုတွေ၊ လေကြောင်းမှ ဗုံးကြဲတာတွေ လုပ်နေတယ်ဆိုတဲ့ သက်သေ အမြောက်အမြား ရှိခဲ့ပါတယ်။

ကောလိပ်နဲ့ တက္ကသိုလ် အပါအဝင် စာသင်ကျောင်းတွေမှာ ကျောင်းအပ်နှံမှုဟာ ၂၀၁၇ ခုနှစ်မှာ ၆၉.၂ ရာခိုင်နှုန်းရှိခဲ့ရာကနေ အခု ၂၀၂၃ ခုနှစ်မှာ ၅၆.၈ ရာခိုင်နှုန်းနဲ့ အထက်တန်းကျောင်းသားအရွယ်မှာ ကျောင်းအပ်နှံမှု အဆိုးဆုံးကျဆင်းခဲ့ပြီး ကျေး လက်ဒေသတွေမှာ ၁၇ ရာခိုင်နှုန်းနဲ့ မြို့ပြမှာ ၃၁ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။

ဒီအစီရင်ခံစာက၂၀၂၂ – ၂၃ စာသင်နှစ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၃၀၆ မြို့နယ်က အိမ်ထောင်စု ရှစ်ထောင့်ငါးရာကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းထားခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ တရားဝင် အချက်အလက် ကောက်ယူနိုင်တဲ့အခြေ အနေ မရှိတာကြောင့်အတိအကျပြောဖို့တော့ ခက်ခဲတယ်လို့လည်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 58 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 52 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 54 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 45 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 55 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 50 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 42 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို