နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်

အားကစား

အားကစား

တိုင်ဆန်ဖြူရီကို စိန်ခေါ်ထိုးမယ့် အန်ဂါနူးဆိုတာ…

ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံနဲ့ သိုင်းပေါင်းစုံဟဲဝီးဝိတ်ချန်ပီယံတို့ဗိုလ်လုပွဲ။

ဖရင့်စစ်အန်ဂါနူး (FRANCIS NGANNOU) က UFC ဟဲဝီးဝိတ်ချန်ပီယံ ဖြစ်ပြီး အခု WBC ဘောက်ဆင်ဟဲဗီးဝိတ်ချန်ပီယံ တိုက်ဆန်ဖြူရီ (Tyson Fury) နဲ့ ဒီနေ့ အောက်တိုဘာလ (၂၈) ရက် စနေနေ့မှာ ဆော်ဒီအာရေးဗီးယားက ရီရတ်မြို့မှာ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ဖရင့်စစ်အန်ဂါနူးက ကင်မရွန်းနိုင်ငံက ဆင်းရဲတဲ့သဲတူးကော်ပေးရတဲ့ ဘဝကနေပြီး အာဖရိကသဲကန္တကြီးကိုဖြတ်ပြီး မော်ရိုကိုကနေ စပိန်နိုင်ငံကို ပင်လယ်ကနေ လှေစီးပြီး သက်စွန့်ဆံဖျား ထွက်လာခဲ့ပြီး နောက်ဆုံးပြင်သစ်နိုင်ငံ ပဲရစ်ကိုရောက်ခဲ့တယ်။ သူ့ရည်မှန်းချက်က လက်ဝှေ့သမား ဖြစ်ချင်တယ်။ ဒါပေမဲ့ သူ့ကို တည်းခိုခွင့်ပေးတဲ့နေရာက MMA ဒါနဲ့ပဲ သူ့ကို MMA လုပ်ဖို့ဖြစ်လာခဲ့တယ်။ သူ့အနေနဲ့ MMA ဆိုတာဘာမှန်းမသိခဲ့ဘူး။ ဒါပေမဲ့ သူသင်ကြားခဲ့ပြီး အဲဒီကနေသူ MMA ကို ဝင်ထိုးရင်း အောင်မြင်လာခဲ့တယ်။ နောက်ဆုံး သူနာမည်ကြီးတဲ့ UFC ကိုရောက်လာခဲ့တယ်။ UFC မှာ သူအလဲထိုးပွဲတွေနဲ့ အနိုင်ရပြီး ချန်ပီယံ ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ UFC က သူ့ကို ထိုက်တန်တဲ့ငွေမပေးတဲ့အတွက်သူ UFC က ထွက်လိုက်တယ်။

နောက်ဆုံး သူလုပ်ချင်တဲ့ Boxing ကို လုပ်ခွင့်ရတယ်။ ဒါက ဘာလဲဆိုရင် ဘောက်ဆင်ဟဲဗီးဝတ်ချန်ယီယံ တိုင်ဆန်ဖြူရီကို စိမ်ခေါ်ပြီး ထိုးသတ်ဖို့ အခွင့်အရေး ရလာသလို သူ့အနေနဲ့ ဒီလိုအထူးထိုးသတ်ပွဲအတွက် ငွေသန်းနဲ့ချီပြီး ရမှာဖြစ်တယ်။ သူ့ဘဝဇတ်လမ်းက စိတ်ဝင်စားစရာ ကောင်းသလို လူသားတယောက်ရဲ့ ဇွဲလုံလကြောင့် အင်မတန်ဆင်းရဲတဲ့ ကင်မရွန်းနိုင်ငံက အညတရ သဲတူးသမားဘဝကနေပြီး မိမိကိုယ်ကို ယုံကြည်ချက်ကြောင့် မဆုတ်မနစ် ကြိုးစားတာကြောင့် အောက်ခြေကနေ သန်းကြွယ် သူဌေးဘဝကို ရောက်လာတာဖြစ်တယ်။

သူတို့ထိုးသတ်ပွဲကို ဒီနေ့မှာ ဘယ်သူနိုင်မယ်ဆိုတာသိရမှာဖြစ်တယ်။ အများစုကတော့ ဘောက်ဆင်ချန်ပီယံ တိုက်ဆင်ဖြူရီရဲ့ ကျွမ်းကျင်မှုနဲ့ အရှုံးမရှိတဲ့သူ့ထိုးပွဲတွေကြောင့် အန်ဂါနူး အနိုင်ရဖို့ မလွယ်ဘူးလို့ ဆိုကြပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ပွဲမှာ သူရှုံးခဲ့ရင်လည်း ဒေါ်လာ (၈) သန်းပိုက်ပြီး သူ့အမေကိုသူကောင်းမွန်စွာ ထားနိုင်တော့မှာ ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Sport အားကစား

ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက အရေးယူတော့မှာမဟုတ်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 122 Views
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် အက်ဒ်နယ်ဒို ရိုဒရီဂွက်ဇ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)အနေနဲ့ အရေးယူမှုတွေ ဆက်လုပ်သွားမှာ မဟုတ်ဘူးလို့ ဖီဖာရဲ့တရားရေးရာ ဒါရိုက်တာ အီမီလီယိုဂါစီယာက အတည်ပြုပြောဆိုလိုက်ပါတယ်။
ဘောလုံး အားကစား

ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်များထိပ်ဆုံးက ရပ်တည်နေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 187 Views
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲမပြီးဆုံးခင် အိမ်ပြန်ကြတဲ့ ပရိသတ်တွေထဲမှာ မန်ယူပရိသတ်တွေ အဆိုးရွားဆုံးဖြစ်တယ်လို့ ပရိသတ်အခြေပြုစစ်တမ်းတစ်ရပ်မှာ ဖော်ပြသွားခဲ့ပါတယ်။ Betfair ကုမ္ပဏီရဲ့ YouGov စစ်တမ်းမှာ
ဘောလုံး အားကစား

ဝူဗာဟမ်တန်ကွင်းလယ်လူ နူနက်စ်ကို ခေါ်ယူဖို့ မန်စီးတီးသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 31 ရက်
  • 160 Views
မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်ကွင်းလယ်လူ မက်သရူးနူနက်စ်ကို ပြောင်းရွှေ့ကြေးပေါင် ၄၇.၃ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ဝူဗာဟမ်တန်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပေမယ့် မက်သရူးနူနက်စ်နဲ့ကတော့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် မရသေးပါဘူး။ ကစားသမားနဲ့ပါ သဘောတူညီမှု
ဘောလုံး အားကစား

နည်းပြဇာဗီရဲ့နည်းစနစ်ပိုင်းကို တိုက်စစ်မှူးလီဝန်ဒေါစကီးဝေဖန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 233 Views
ဗီလာရီးရဲလ်အသင်းနဲ့ရင်ဆိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ တိုက်စစ်ကစားသမား အလုံအလောက် ပွဲထုတ်ခြင်းမရှိခဲ့တဲ့အပေါ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာနည်းပြဇာဗီရဲ့ နည်းစနစ်ပိုင်းကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အဝေးကွင်းမှာ ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ဂါဗီ၊ ဒီဂျောင်၊ ဖာရန်တောရက်စ်၊ လီဝန်ဒေါစကီးတို့ရဲ့ သွင်းဂိုးတွေကြောင့်
ဘောလုံး အားကစား

ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်း ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေ

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 146 Views
နော်တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့် မန်ယူနောက်ခံလူ ဗာရန်ဟာ ရက်သတ္တပတ် ၆ ပတ်ခန့်အနားယူရဖွယ်ရှိနေပါတယ်။ ဗာရန်းရဲ့ ဒဏ်ရာပြဿနာကြောင့် မေဆင်မောင့်၊ လုခ်ရှောတို့ ဒဏ်ရာရနေတဲ့ မန်ယူအသင်းအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်လာခဲ့ရပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ဗာရန်းဟာ ဒဏ်ရာကြောင့်
ဘောလုံး အားကစား

ဟာမိုဆိုဘက်က ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီထုတ်ပြန်

  • 2023 ခုနှစ်၊ ဩဂုတ်လ 30 ရက်
  • 198 Views
ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အောင်ပွဲခံအခမ်းအနားမှာ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ရူဘီယာလက်စ်ရဲ့ နမ်းခြင်းခံခဲ့ရတဲ့ စပိန်ကစားသမား ဂျင်နီဟာမိုဆိုဘက်က အပြည့်အ၀ ရပ်တည်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဘယ်သူမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို စိန်ခေါ်မှုဖို့ တောင်းဆိုခွင့်ရှိတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီရဲ့ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ စပိန်ကစားသမားဟာမိုဆိုဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအောင်ပွဲခံနေစဉ်
ဘောလုံး အားကစား

လူကာကူကို ရိုးမားအသင်းထံ အငှားချဖို့ ချဲလ်ဆီးအသင်းသဘောတူညီမှုရရှိ

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 166 Views
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးလူကာကူကို ရိုးမားအသင်းထံအငှားချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ လူကာကူအတွက် ပေါင် ၅ သန်းနဲ့ အငှားချဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ အသက် ၃၀ အရွယ် လူကာကူဟာ ပြီးခဲတဲ့ရာသီက အင်တာမီလန်အသင်းမှာ အငှားနဲ့သွားကစားခဲ့ပြီး
ဘောလုံး အားကစား

ရမ့်စ်ဒေးကို ဦးစားပေးဂိုးသမားနေရာကနေ ဖယ်ရှားဖို့ အာဆင်နယ်ပရိသတ်များတောင်းဆို

  • 2023 ခုနှစ်၊ ဩဂုတ်လ 29 ရက်
  • 206 Views
ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာ ၂ ဂိုးစီသရေကျပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့ ဦးစားပေး ဂိုးသမားနေရာကနေ ရမ့်စ်ဒေးကို ဖယ်ရှားပေးဖို့ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။ ရမ့်စ်ဒေးဟာ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ကျွံထွက်လာတဲ့ ဘောလုံးကို ထွက်ဆွဲဖို့ ဂိုးရှေ့ပြေးထွက်လာရာကနေ ဖူလ်ဟမ်ကွင်းလယ်လူ ပါရဲရားရဲ့ ဦးဆောင်ဂိုးသွင်းယူခြင်းခံခဲ့ရသလို