နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းမှာ စစ်ကောင်စီတပ်က ပြည်သူ (၅) ဦးကို သတ်ဖြတ်ပြီး (၉) ဦးခန့်ကို ဖမ်းဆီးထား

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ပြည်သူ (၅) ဦးကို ခေါင်းဖြတ် မီးရှို့ သတ်ဖြတ်ကာ ပြည်သူ (၉) ဦးခန့်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရကါတယ်။

အောက်တိုဘာလ (၂၇) ရက်နေ့က ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်တပ်က သိမ္ဘာကျေးရွာနဲ့ ရှမ်းတောကျေးရွာတွေဘက်မှာ ပြည်သူ (၅) ဦးကို ဦးခေါင်းနဲ့ ခြေလက်တွေ မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ စခစစ်ကြောင်းက ဆိုက်ကယ် (၇) စီး ကြားညှပ်ပြီး မီးရှို့သတ်ဖြတ်တာ။ တစ်ဦးကိုဆို မူးမြောင်းထဲ လက်တွေ ခြေတွေဖြတ် ဗိုက်ဖောက်ပြီးပစ်ထားတာတွေ့ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ် စစ်ကြောင်းက ကန်လမ်းကျေးရွာက ပြည်သူ (၉) ဦးခန့်ကိုလည်း လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကာ အခုအချိန်အထိ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာ အောက်တိုဘာလ (၁၈) ရက်နေ့က‌နေ ဒီက‌နေ့အောက်တိုဘာလ (၂၈) ရက်နေ့အထိ ၁၀ ရက်တိုင် ကြာမြင့်နေပြီဖြစ်ကာ ရွာ (၃၀) ကျော်က သောင်းနဲ့ချီတဲ့ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ တိမ်းရှောင်ရတဲ့ကာလ ရှည်ကြာလာပြီဖြစ်တဲ့အတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ဒေသခံပြည်သူတွေထံက သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သေဒဏ်အထိကျခံနိုင်တဲ့ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေကာကွယ်တဲ့ဥပဒေတရပ် စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 6 Views
ဇူလိုင်လ (၂၉)ရက်။ စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်တွေ ထိန်းသိမ်းကာကွယ်တဲ့ဥပဒေကို စစ်ကောင်စီက မနေ့က ဇူလိုင်လ (၂၈)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့
မြန်မာသတင်း

မိုးကုတ်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 7 Views
ဇူလိုင်လ (၂၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မိုးကုတ်မြို့အရှေ့ပိုင်းရှိ ရပ်ကွက်တွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး (၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

စစ်ကိုင်းငလျင်ဟာ အခြားငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာသက်သာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 5 Views
ဇူလိုင်လ (၂၉)ရက်။ စစ်ကိုင်းငလျင်ဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အသက်ဆုံးရှုံးတဲ့အရေအတွက် သိန်းဂဏန်းရှိတဲ့ ငလျင်တွေနဲ့ နှိုင်းယှဉ်ရင် များစွာလျော့နည်းသက်သာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်ကာလအလွန် နည်းပညာဆိုင်ရာဆွေးနွေးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲမှာ မတ်လ
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 23 Views
ဇူလိုင်လ (၂၈)ရက်။ မနေ့က ည (၁၁)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပန်ပေါင်းရွာကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ ဗုံး (၃)ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညက
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်နေရာကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 22 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြို့ရှိ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်နေရာတခုကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက ဗုံးကြဲချခဲ့တဲ့နေရာဟာ
မြန်မာသတင်း

တပတ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦး အလင်းဝင်ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 26 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးမှာ စစ်သား (၄၂)ဦးနဲ့ ရဲ (၁)ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

မူးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်‌သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 21 Views
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန် ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၅)ရက်နေ့က မူးမြို့နယ် ရင်းတိုက်ကုန်းရွာနဲ့ လည်ပတ်ရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 29 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ MRO/CDF-MATUPI အမည်နာမတခုထဲနဲ့သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB ကို ကောင်စီဝင်တွေ/အဖွဲ့ဝင်တွေ စေလွှတ်တဲ့အခါ MRO/CDF-MATUPI