ခေတ်မျတ်လုံးရဲ့ ရုပ်သံဆောင်းပါး အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့မှာဆိုရင် ဖက်ဒရယ်နိုင်ငံတည်ဆောက်ခြင်းဆိုတဲ့ ဆောင်းပါးရဲ့ နောက်ဆုံးအပိုင်းကို တင်ဆက်ပေးမှာပါ။ ဆောင်းပါးရဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်းတွေမှာ ဖက်ဒရယ်နောက်ခံသမိုင်းအကြောင်း၊ ဖက်ဒရယ်ကို အတားအဆီးဖြစ်နေတဲ့ အချက် ၃ ချက်ဖြစ်တဲ့ ဗမာမုန်းတီးရေး၊ လူမျိုးစုတစ်ခု အကျိုးစီးပွားနဲ့ လူမျိုးကြီးဝါဒတွေကို တင်ဆက်ခဲ့ပါတယ်။ ဒီကနေ့မှာဆိုရင်တော့ ဖက်ဒရယ်အတွက် ပြင်ဆင်ထားသင့်တဲ့အကြောင်းတွေကို တင်ဆက်သွားမှာပါ။
အခု ရုပ်သံဆောင်းပါးဟာဆိုရင် ဆောင်းပါးရှင် ဉီးထွန်းအောင်ကျော်ရဲ့ ဖက်ဒရက်နိုင်ငံ တည်ဆောက်ခြင်းဆောင်းပါးကို တင်ဆက်ထုတ်လွှင့်ခဲ့တာပါ။