နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

တူရကီသမ္မတက အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုလိုပဲလို့ ဝေဖန်လိုက်တာကြောင့် အစ္စရေးက တူရကီက သူ့တို့သံတမန်တွေကို ပြန်ခေါ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လက်ရှိစစ်ဆင်ရေးတွေကို တူရကီက ဝေဖန်ခဲ့ပြီးနောက် အစ္စရေးသံတမန်ဝန်ထမ်းအားလုံးကို တူရကီကနေ ပြန်ခေါ်လိုက်ပါတယ်။ ယခင်က Twitter ဟုလူသိများသော X ရဲ့ ပို့စ်တစ်ခုမှာ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Eli Cohen က အစ္စရေး-တူရကီ ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်သွားမှာဖြစ်ကြောင်း စနေနေ့က ရေးသားခဲ့ပါတယ်။ “တူရကီကလာတဲ့ အလေးအနက်ထား ကြေညာချက်တွေအရ အစ္စရေးနဲ့ တူရကီကြား ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ဖို့ သံတမန်ကိုယ်စားလှယ်တွေကို အဲဒီနေရာက ပြန်လာဖို့ အမိန့်ပေးထားပါတယ်” ဟု ကိုဟင်က ရေးသားခဲ့ပါတယ်။

ကြာသပတေးနေ့မှာ တူရကီသမ္မတ အာဒိုဂန်က ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုများဟာ မိမိကိုယ်ကို ခုခံကာကွယ်မှုအဖြစ်မှ ကျော်လွန်သွားခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ကာ အခုအခါ တိုက်ခိုက်မှုများဟာ ဖိနှိပ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ရိုင်းစိုင်းမှု တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ စနေနေ့မှာ အာဒိုဂန်က အစ္စတန်ဘူလ်ရှိ ပါလက်စတိုင်းထောက်ခံသူ လူအုပ်ကြီးကို “ (အစ္စရေး ထူထောင်ပေးတဲ့) ဂါဇာကမ်းမြောင်ဒေသသစ်များ ပေါ်ပေါက်လာစေရန် ဘယ်သောအခါမှ ခွင့်မပြုရန် သန္နိဋ္ဌာန်ပြုပြီး ဆန္ဒပြပွဲမှ ထွက်ခွာသင့်တယ်” လို့ ပြောကြားခဲ့ပါတယ်။

Source: CNN

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

Pager များ ပေါက်ကွဲမှုတွင် အစ္စရေးတာဝန်ရှိကြောင်း လက်ဘနွန်အစိုးရဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 9 Views
စက်တင်ဘာလ (၁၈) ရက်။ မနေ့က စက်တင်ဘာ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက လက်ဘနွန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော Pager များ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ယာယာစင်ဝါကို ဟားမတ်စ်ခေါင်းဆောင်သစ်အဖြစ် ‌ရွေးချယ်

  • 2024 ခုနှစ်၊ ဩဂုတ်လ 7 ရက်
  • 43 Views
သြဂုတ်လ (၇) ရက်။ လွန်ခဲ့တဲ့သီတင်းပတ် ဇူလိုင်လ ၃၁ ရက်နေ့က တီဟီရန်မြို့မှာ လုပ်ကြံခံလိုက်ရတဲ့ ဟားမတ်စ် ခေါင်းဆောင် အစ္စမေးလ်ဟာနီယာရဲ့
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ပဋိပက္ခတွေကြောင့် ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းများဖျက်သိမ်း

  • 2024 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 50 Views
ပဋိပက္ခတွေကြောင့် ဘေရွတ်ကိုပျံသန်းမယ့် လေကြောင်းလိုင်းများဖျက်သိမ်း ++++++++++++++++++ အရှေ့အလယ်ပိုင်းဒေသကို ပျံသန်းသွားလာကြမယ့် လေကြောင်းလိုင်းတွေဟာ စိုးရိမ်ပူပန်မှုတွေကြောင့် ခရီးစဉ်ကို မကြာခဏဖျက်သိမ်းနေကြရပါတယ်။ လက်ဘနွန်နိုင်ငံက ပိုမိုကြီးထွားလာတဲ့ ပဋိပက္ခတွေကြောင့် ဘေရွတ်လေဆိပ်ကို ဆိုက်ရောက်လာကြရမယ့် လေကြောင်းလိုင်းတွေဟာ ဖျက်သိမ်းမှုတွေပြုလုပ်နေရသလို အချို့လေကြောင်းလိုင်းတွေကတော့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြရတာပါ။
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂိုလန်ကုန်းမြင့်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ၁၂ ဦးထဲမှ ကလေးငယ်များနှင့် ဆယ်ကျော်သက်များ ပါဝင်ပြီး အစ္စရေးက ဟစ်ဇ်ဘိုလာအပေါ် အပြစ်တင်ကာ ကြီးမားသောတန်ပြန်တိုက်ခိုက်မှုများ တိုးမြင့်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လာနေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 71 Views
ဇူလိုင်လ (၂၈) ရက်။ အစ္စရေးတို့သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ရှိ ရွာတစ်ရွာကို ဒုံးကျည်အမြောက်အမြားဖြင့် စနေနေ့က ပစ်ခတ်ခဲ့ရာ ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၇ ရက်မှစပြီး အသေအပျောက်အများဆုံး
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်ဖို့ နေတန်ယာဟုကို ဂျိုးဘိုင်ဒန်နဲ့ ကာမာလာဟားရစ်ဖိအားပေး

  • 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 51 Views
+++++++++++++++++++ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကို ကြာသပတေးနေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပြီး 9 လကြာဖြစ်ပွါးနေခဲ့တဲ့ ဂါဇာစစ်ပွဲကို အပစ်အခတ်ရပ်စဲဖို့ ဖိအားပေးပြောဆိုခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်ရဲ့ အမျိုးသားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “ ဆက်ပြီးဆွေးနွေးရမယ့်အချက်တွေရှိနေပါသေးတယ်”လို့ တရားဝင်သတင်းထုတ်ပြန်ပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက်

  • 2024 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 67 Views
အမေရိကန်ခရီးစဉ်မတိုင်မီ နေတန်ယာဟုကို အတိုက်အခံများထိုးနှက် +++++++++++++++++++++++ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ ဇူလိုင်လ 17 ရက်နေ့မှာ ဥပဒေပြုလွှတ်တော်က အတိုက်အခံ အမတ်တွေရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ နေတန်ယာဟုဟာ ဟားမက်စ်တွေနဲ့ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် စီမံခန့်ခွဲခြင်းနဲ့ ဟားမက်စ်တွေဖမ်းဆီးထားတဲ့ ဓါးစာခံတွေကို လွှတ်ပေးရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး
အရှေ့အလယ်ပိုင်း

ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ မာဆအွတ် ပီဇက်ကီအန် (Masoud Pezeshkian) အီရန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 53 Views
ဇူလိုင်လ (၇) ရက်။ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ သမ္မတလောင်း မာဆအွတ် ပီဇက်ကီအန် (Masoud Pezeshkian) သည် အီရန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း ပြည်တွင်းနှင့်နိုင်ငံတကာတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် သဘောထားတင်းမာသော ၎င်း၏ပြိုင်ဘက်ကို အနိုင်ရရှိခဲ့ကြောင်း နိုင်ငံ၏ရွေးကောက်ပွဲဆိုင်ရာအာဏာပိုင်အဖွဲ့က စနေနေ့တွင်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ

  • 2024 ခုနှစ်၊ ဇူလိုင်လ 7 ရက်
  • 59 Views
အပစ်အခတ်ရပ်စဲမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်တွေ သဘောတူပြီ ++++++++++ စစ်သားနဲ့ အမျိုးသားတွေအပါအဝင် အစ္စရေးဓါးစာခံတွေကို လွှတ်ပေးရမယ့် အမေရိကန်ရဲ့ အဆိုပြုချက်ကို ဟားမက်စ်စစ်သွေးကြွတွေက သဘောတူလက်ခံလိုက်ပြီဖြစ်ပါတယ်။ အမေရိကန်ရဲ့ အဆိုပြုချက်ကို သဘောတူလက်ခံလိုက်တာနဲ့ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ဟားမက်စ်အကြီးတန်းအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။