နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲများနဲ့ BPLA တပ်ဖွဲ့တို့ ပူးတွဲစစ်ရေးလှုပ်ရှားမှုမှာ BPLA ရဲဘော် (၄) ဦး ကျဆုံး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲများနဲ့ BPLA တပ်ဖွဲတို ပူးတွဲလှုပ်ရှားထိန်းချုပ်ရာနေရာတစ်ခုကို စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) ဘက်က အင်အား (၇၀) ခန့် စစ်ကြောင်းထိုး ချဥ်းကပ်လာတဲ့အတွက် BPLA တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က (၂၀) ကျော်ကျဆုံးကာ တချိုမှာနီးစပ်ရာ ကျေးရွာများအတွင်းသို ထွက်ပြေးသွားခဲ့တယ်လို့ BPLA က သတင်းထုတ်ပြန်ထားပါတယ်။

BPLA ရဲ့ မဟာမိတ်တပ်ဖွဲမှ စစ်ကူတချို့ ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်တွေမှာ ပြည်သူတွေကို ဓားစာခံလုပ် ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်အိမ်ချင်း ခက်ခက်ခဲခဲ ရှင်းလင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ညနေ (၅) နာရီမှာတော့ တိုက်ပွဲကို အဆုံးသတ် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အလောင်း (၄၀) ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ တနေ့တာတိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဘက်က ရဲဘော် (၄) ဦး ကျဆုံးခဲ့ရပြီး ရဲဘော်(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းစာရင်းမှာ MA Series ရိုင်ဖယ်(၃၀)လက်၊ စက်ကလေး(၃)လက်၊ 40mm (၆)လက်/ကျည် ၈၀၊ 60mm (၂)လက်/ကျည် ၆၀၊ 80mm (၁)လက်၊ 100mm (၂)လက်/ကျည် ၁၀၊ RPG (၂)လက်/ကျည် ၁၀၊ ပစ္စတို (၂)လက်၊ Icom စက် (၃)လုံး၊ Drone detector (၁)ခု၊ WiFi Router (၁)ခု နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ(၂၇) ရက်နေ့ ကနဦးတိုက်ခိုက်မှုတစ်ခုမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း (၄) လောင်း၊ ရိုင်ဖယ်သေနတ် (၇) လက်နဲ့ အခြားပစ္စည်းတွေကို BPLA က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

BPLA အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃) ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: BPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ ကေတုမတီလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 18 Views
မတ်လ (၁၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စစ်အုပ်စုရဲ့ တောင်ငူ(ကေတုမတီ)လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

‌စစ်တပ်က တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 13 ရက်
  • 19 Views
မတ်လ (၁၃)ရက်။ စစ်တပ်က နောင်ချိုစစ်ဆင်ရေးနဲ့ တပ်မမှူးရာထူးတိုးပေးခဲ့တဲ့ ဗိုလ်မှူးကြီး ဝင်းမောင်မောင် ပခုက္ကူတိုက်ပွဲမှာ သေဆုံးခဲ့တယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတယ်လို MDSI ရဲ့
မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို အာရက္ခတပ်တော်(AA)ရဲ့ သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးခဲ့တာလို့ ဆိုပါတယ်။ သင်တန်းကာလထဲ အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 36 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ (၃၀၀)ကျော်ကို ဓါးစာခံအနေနဲ့ ဖမ်းဆီးခဲ့တာကြောင့် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 37 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 34 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 34 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 38 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့