နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

Burma

Burma China တရုတ် မြန်မာ့စီးပွားရေး

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong မြန်မာနိုင်ငံသို့ လာရောက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ နေပြည်တော်။

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဒီနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက်နေစဉ်အတွင်း Nong Rong ဟာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦးတို့နဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအရေး ဆွေးနွေးခဲ့တယ်လို့ သိရှိရအာတယ်။

အဲ့ဒီဆွေးနွေးပွဲတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Chen Hai လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

Mr. Nong Rong က တရုတ်နိုင်ငံဟာ တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်း ဆက်ဆံရေး တိုးတက်မှုကို အလွန်အလေးထားပါကြောင်း၊ ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်းဆိုတဲ့ အိမ်နီးချင်းနိုင်ငံခြားရေးမူဝါဒကို လက်ကိုင်စွဲကာ မြန်မာနိုင်ငံနဲ့အတူ သမ္မတရှီကျင့်ဖျင်ရဲ့ ၂၀၂၀ ပြည့်နှစ် သမိုင်းဝင်မြန်မာနိုင်ငံခရီးစဉ်ရလဒ်တွေကို အတူတကွ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်း၊ “Belt and Road” ပူးပေါင်းဆောင်ရွက်မှုတွေကို အရည်အသွေးမြင့် ဖော်ဆောင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းလာစေရန် တွန်းအားပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

Nong Rong က တရုတ်နိုင်ငံဟာ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ဆောလျင်စွာ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနဲ့ တရားဥပဒေမူဘောင်အောက်မှာ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်း၍ တွေ့ဆုံဆွေးနွေးမှုများနဲ့ ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန် အားပေးပါကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနဲ့အတူ နယ်စပ်တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ထိန်းသိမ်း၍ တရုတ်ဘက် နယ်စပ်ရှိပြည်သူများ တစ်ကိုယ်ရေနဲ့ စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို အာမခံပေးစေလိုပါကြောင်း၊ ထိရောက်တဲ့ အစီအမံတွေ ဖော်ဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများ၊ အဖွဲ့အစည်းနဲ့ စီမံကိန်းများလုံခြုံမှုကို မြှင့်တင်စေလိုပါကြောင်း၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ ပူးပေါင်း၍ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေးလိမ်လည်မှု စတဲ့ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုတွေကို ဆက်လက်တိုက်ဖျက်သွားလိုပါကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ခရီးစဉ်အတွင်း တရုတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong ဟာ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စတဲ့ တရုတ်-မြန်မာ အတူတည်ဆောက်ခဲ့တဲ့ “Belt and Road” အရေးပါ စီမံကိန်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ။ စစ်ကောင်စီ

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် နိုင်ငံတကာသတင်း ရုရှား

တရုတ်သမ္မတ ရှီကျင့်ဖျင် လာမည့်အပတ်တွင် မြောက်ကိုရီးယားသို့ ရှားရှားပါးပါး ခရီးစဉ်သွားရောက်မည်

  • 2026 ခုနှစ်၊ ဇွန်လ 14 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက် ဟောင်ကောင် — တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ
တရုတ် နိုင်ငံတကာသတင်း

‘3 Body Problem’ ဇာတ်လမ်းတွဲကို Netflix သို့ ယူဆောင်ပေးခဲ့သည့် ဘီလီယံနာအား အဆိပ်ခတ်သတ်ဖြတ်သူကို သေဒဏ်စီရင်ပြီးစီး

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၂)ရက် ဟောင်ကောင် — Netflix ၏ နာမည်ကြီး သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲဖြစ်သော “3 Body Problem” ကို ထုတ်လုပ်ရာတွင် ကူညီပေးခဲ့သည့် ဂိမ်းလောကမှ ဘီလီယံနာသူဌေးကြီးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 147 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ဂျင်မီလိုင်အား ထောင်မှလွှတ်ပေးရန် တောင်းဆိုချက်အပေါ် ရှီကျင့်ဖျင်၏ တုံ့ပြန်မှုမှာ “ အပြုသဘောမဆောင်” ဟု ထရမ့် ပြောကြား

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 110 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက် ဟောင်ကောင် မီဒီယာလုပ်ငန်းရှင်ဟောင်း ဂျင်မီလိုင် (Jimmy Lai) နှင့် ပါစတာ ဇာဂျင်မင်ရီ (Pastor Ezra Jin Mingri) တို့အား ထောင်မှလွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ တရုတ်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်-တရုတ် ထိပ်သီးအစည်းအဝေး – ရှီကျင့်ဖျင်နှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချရေးကိစ္စ ဆွေးနွေးခဲ့ကြောင်း ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 99 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက် အီရန်စစ်ပွဲသည်လည်း အဆိုပါအစည်းအဝေးများအတွင်း အဓိကဆွေးနွေးခဲ့သည့် အခြားအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပြီး၊ အရေးကြီးသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ မည်သည့်ရေရာပြတ်သားသော သဘောတူညီချက်မျှ ကြေညာနိုင်ခြင်းမရှိဘဲ အစည်းအဝေးများ ပြီးဆုံးခဲ့သည်။ ထရမ့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ထရမ့် နှင့် ရှီ တို့သည် ကြိုဆိုပွဲအခမ်းအနားတစ်လျှောက် ရင်းနှီးပွင့်လင်းစွာ စကားပြောဆိုခဲ့ကြသည်

  • 2026 ခုနှစ်၊ မေလ 14 ရက်
  • 93 Views
၂၀၂၆ခုနှစ်၊ မေလ ၁၄ရက် ဘီဂျင်း။ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အတွက် ကော်ဇောနီခင်းကာ ကြိုဆိုခဲ့သည်။ ထရန့်သည် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး (Great Hall of
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

အဆုံးအဖြတ်ပေးမည့် ရှီနှင့်တွေ့ဆုံပွဲမတိုင်မီ ထရမ့် တရုတ်နိုင်ငံသို့ ဆိုက်ရောက်

  • 2026 ခုနှစ်၊ မေလ 13 ရက်
  • 94 Views
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့သည် နည်းပညာ၊ ကုန်သွယ်ရေး၊ အီရန်နှင့် ထိုင်ဝမ် အရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။ CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက် ဘေဂျင်းသို့ ဆိုက်ရောက်ခြင်း: ကမ္ဘာ့အကြီးဆုံး