နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 25 ရက်

1027 Operations

1027 Operations Civil War

၁၀၂၇ စစ်ဆင်ရေးမှာ MNDAA စစ်ကောင်စီရဲ့ တပ်စခန်း (၃) ခုကို သိမ်းယူခဲ့ပြီး သံချပ်ကာတင့်ကား (၁) စီးလည်း ထပ်မံသိမ်းဆည်းရ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။

ဒီနေ့ နံနက်ပိုင်းမှာ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က ကိုးကန့်ခရိုင်၊ ရှီးရှမ်းဒေသနဲ့ တုန်းရှမ်းဒေသတွင် ရှိသော စစ်ကောင်စီတပ်စခန်းကို ထိုးစစ်တိုက်ခိုက်ခဲ့ပြီး တပ်စခန်း (၂) ခု ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး ဒီနေ့နံနက် (၆) နာရီမှာ ရှီးရှမ်းဒေသ၊ တာရွှေထန်နေရာမှာရှိတဲ့ စစ်ကောင်စီရဲ့ နံပါတ်(၁၁) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိနစ်(၃၀) ကြာတိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး အဲ့ဒီတပ်စခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ တာရွှေထန်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် စစ်ကောင်စီတို့ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ဆံများမှာ တာရွှေထန်ရွာအုပ်စု၊ နန်ကော်ကျေးရွာအနီးရှိ ကျင်စန်းတောင်အောက်ချသို့ကျရောက်ခဲ့ပြီး ပေါက်ကွဲခဲ့သည့် ကျည်ဆံရှိသလို မပေါက်ကွဲသည့် ကျည်ဆံများလည်းရှိခဲ့ပါသည်။

နံနက်(၇း၀၇)နာရီတွင် ကိုးကန့်(MNDAA)သည် တုန်းရှမ်းဒေသ ၊ ပန်းဝါနေရာတွင်ရှိသော စစ်ကောင်စီစခန်းကို စတင်ထိုးစစ်တိုက်ခိုက်လာပြီး (၇း၃၀)နာရီအချိန်တွင် ၎င်းစခန်းကို အပြီးသိမ်းယူနိုင်ခဲ့သည်။

စစ်ကောင်စီရဲ့ မုံးကိုးဗျူဟာကုန်းကို နိုဝင်ဘာလ (၅) ရက်နေ့နဲ့ (၆)ရက်နေ့ နှစ်ရက်ဆက်တိုက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီကနေ့ နိုဝင်ဘာလ (၇ )ရက်နေ့ နေ့လည် ၁၁ နာ မိနစ် ၃၀ အချိန်မှာ MNDAA နဲ့ မုံးကိုးလုံခြုံရေးအဖွဲ့တို့ပူးပေါင်းပြီး ဒရုန်းပစ်ကူမှုအောက်မှာ အဲ့ဒီဗျူဟာကုန်းကို ထပ်မံထိုးစစ်တိုက်ခိုက်ခဲ့ကာ နေ့လည် ၁၂ နာရီ မိနစ် ၄၀ လောက်မှာ မုံးကိုးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မုံးကိုးဗျူဟာကုန်းမှာ MNDAA ဘက်က ဝီဇာအမြောက် (၂) လက်ကို ဖျက်ဆီးခဲ့ပြီး EE-9 ဘီးအမျိုးအစား သံချပ်ကာ (၁) စီးကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။

MNDAA ရဲ့ အခြားစစ်ကြောင်းတွေဟာလည်း စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ။

နိုဝင်ဘာလ (၇) ရက်နေ့ MNDAA က သိမ်းဆည်းရရှိတဲ့ စစ်ကောင်စီရဲ့ EE-9 ဘီးအမျိုးအစား သံချပ်ကာကားကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်၊ ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 7 Views
နိုဝင်ဘာလ (၂၃)ရက်။ မနေ့က ည (၁၂)နာရီဝန်းကျင်ခန့်က နောင်ချိုမြို့ရှိ ဈေးရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၃၀၀)ဗုံး (၂)လုံး
1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 15 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 13 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဆမ္မဆယ်ရွာက ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် တရုတ် ငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 16 Views
နိုဝင်ဘာလ (၁၉)ရက်။ ကိုးကန့်တပ်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ဒီကနေ့မှာ ငြင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ MNDAA ခေါင်းဆောင် ဖုန်တာရွှင်က တရုတ်ကိုလာပြီး ဆေးကုသဖို့ အရင်ထဲက လျှောက်ထားတာရှိခဲ့ပါတယ်။ အခုလဲ
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲခံရကာ ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 20 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က ည (၁၁)နာရီ (၄၇)မိနစ်အချိန်က ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည(၁၁)နာရီ (၄၇)မိနစ်လောက်
1027 Operations မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သားတွေသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 18 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က နောင်ချိုမြို့၊ တောင်ခမ်းအမြောက်တပ် (၃၅၄)နဲ့ (၉၀၂)တပ်စခန်းတို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၁၁) ခမရ(၂၁၃)တပ်ရင်းမှူး ဗိုလ်မှူးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 24 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 24 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်