၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။
နို၀င်ဘာလ (၁၀) ရက်နေ့ နံနက် (၁၀) နာရီခွဲက စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကနေ ကောလင်းမြို့ဘက် စစ်ကြောင်းထွက်လာတဲ့ အင်အား (၂၀၀) ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်၊ အလယ်ခုံကျေးရွာ အနောက်မြောက်ဘက်မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား (၈၀)ကျော်သေဆုံးကာ (၂၀) ဦး၀န်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ထံက လက်နက်မျိုးစုံ (၅၉) လက်နဲ့ ခဲယမ်းမီးကျောက်အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုနဲ့ ကန့်ဘလူခရိုင် အမှတ် (၂)တပ်ရင်း၊ ခရိုင်ပကဖ လှုပ်ရှားရေးအဖွဲ့နဲ့ မြို့နယ်/နယ်မြေခံ ပကဖအဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။