နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 13 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဓားစာခံများအားလုံးကို မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ထပ်လောင်းပြောဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်။

နိုဝင်ဘာ ၁၂ ရက်နေ့ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အစ္စရေးဝန်ကြီးချုပ်နေတင်ယာဟုက ဓားစာခံများအားလုံးကို မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း ၎င်း၏ ခိုင်မာသောရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသခံများကို ကယ်ထုတ်ရန် တိုက်ပွဲများ ပိုမိုကြာကြာ ဆိုင်းငံ့ထားရန် စဉ်းစားနိုင်သလားဟု အင်တာဗျူးတစ်ခုတွင် နေတန်ယာဟုက ” ဒါဟာ ယာယီ ဆိုင်းငံ့တာ မဟုတ်ပါဘူး။” “ ဟားမတ်စ်က သူတို့အပေါ် တိုက်ခိုက်မှုတွေ ရပ်သွားအောင် ဆိုင်းငံ့ထားဖို့ အဓိက ကြိုးစားနေပါတယ်။” ဟု ၎င်းက ပြောဆိုခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်အဖွဲ့၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို တားဆီးရန် ပျက်ကွက်မှုအတွက် တာဝန်ယူမည်လားဟု မေးမြန်းရာတွင် ၎င်းသည် ခက်ခဲသော်လည်း တရား၀င်မေးခွန်းဖြစ်ကြောင်းနှင့် စစ်ပွဲပြီးပါက ဖြေမယ်ဟု ပြောကြားခဲ့ပါသည်။ “ အခုလိုအပ်နေတာက စစ်ပွဲနိုင်ဖို့ဆိုတဲ့ အောင်ပွဲပန်းတိုင်ကို အရောက်လှမ်းနိုင်ရေးကို ဦးတည်ပြီး နိုင်ငံတော်ကို စည်းလုံးညီညွတ်အောင် လုပ်ဖို့ပဲ” ဟု ၎င်းက ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ ရည်မှန်းချက်များမှာ (၁) ဟားမတ်စ်များကို ချေမှုန်းရန်နှင့် အလားတူတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နိုင်သည့် စွမ်းရည်ကို ချေမှုန်းရန်၊ (၂) စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသကို အကြမ်းဖက်မှုများ ပြန်လည်မဖြစ်ပွားရန် အစ္စရေးစစ်တပ်က စီမံခန့်ခွဲရန်၊ (၃) စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ရန် ဆိုသည်မှာ အရပ်ဘက်အာဏာပိုင်များက စစ်မဲ့အင်အား ဖြတ်တောက်ခြင်း (လက်နက်ဖျက်သိမ်းခြင်း) နှင့် အကြမ်းဖက်မှုများကို မဖြစ်အောင်ပြုလုပ်ဖို့ သဘောတူညီချက် လိုအပ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ဤအခြေအနေနှင့် မကိုက်ညီကြောင်း ပြောခဲ့သည်။

ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သည့် ရှီဖာဆေးရုံကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းက ယင်းဆေးရုံသည် ဟားမတ်စ်ဌာနချုပ်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပြီး အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ထပ်မံတောင်းဆိုခဲ့သည်။ အစ္စရေးဘက်က ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေ ထူထောင်ထားတယ်ဟု ၎င်းက အလေးပေး ပြောကြားပြီး “ လူနာတွေကို ဖယ်ထုတ်လို့မရတဲ့ အကြောင်းပြချက် မရှိပါဘူး´´ ဟု ပြောကြားခဲ့သည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ၁၂ ရက်နေ့ တွင် ကြေညာခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မည်သူ့ကိုမျှ ကယ်ထုတ်နိုင်ခြင်း မရှိကြောင်း သိရသည်။

အစ္စရေးက ဂါဇာမြောက်ပိုင်းမှနေထိုင်သူများကို တောင်ဘက်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် အရပ်သားသေဆုံးမှု အရေအတွက်ကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ထားသည်ဟု နေတင်ယာဟုက အခိုင်အမာ ပြောကြားခဲ့သည်။

Source/Photo: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်ထံ တင်ပြသည့် ကမ်းလှမ်းချက်မှာ “ကျိုးကြောင်းဆီလျော်မှုရှိကြောင်း” ထရမ့်၏ ပယ်ချမှုအပြီးတွင် အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးလ် ဘာဂါယီ (Esmail
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အစိုးရနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ထရမ့် အရိပ်အမြွက်ပြောကြား

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်ဘက်မှ နောက်ဆုံးကမ်းလှမ်းချက်ကို ပယ်ချခဲ့သော်လည်း လက်ရှိအီရန်အစိုးရနှင့် သံတမန်နည်းလမ်းအရ ဆက်လက်ဖြေရှင်း
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်-အီရန် ဆွေးနွေးပွဲတိုးတက်မှုသည် ထရမ့်၏ တရုတ်ခရီးစဉ် ရလဒ်အပေါ် မူတည်နိုင်ဟု သတင်းရင်းမြစ်ဆို

  • 2026 ခုနှစ်၊ မေလ 11 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၁ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဆွေးနွေးမှုများသည် ယခုသီတင်းပတ် နှောင်းပိုင်းတွင် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မတွေ့ဆုံမီအထိ သိသာထင်ရှားသော တိုးတက်မှုများ ရှိလာမည်မဟုတ်ကြောင်း ညှိနှိုင်းမှုလုပ်ငန်းစဉ်နှင့် နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်တစ်ခုအရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

‘အမေရိကန်နှင့် သဘောတူညီချက်ရယူမှုကို နှောင့်ယှက်ဖျက်ဆီးနေသည့် အီရန်၏ အစွန်းရောက်သဘောထားတင်းမာသူများ

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၀ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား ဆွေးနွေးပွဲများသည် အရေးပါသော အဆင့်သို့ ရောက်ရှိလာချိန်တွင်၊ သြဇာညောင်းသည့် သဘောထားတင်းမာသော အဖွဲ့ငယ်တစ်ခုသည် ဝါရှင်တန်နှင့် ဖြစ်ပေါ်လာနိုင်သော သဘောတူညီချက်ကို နှောင့်ယှက်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။ ၎င်းလုပ်ရပ်များသည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အိုမန်ပင်လယ်ကွေ့အတွင်း ‘စည်းကမ်းဖောက်ဖျက်သော’ ရေနံတင်သင်္ဘောအား သိမ်းဆည်းခဲ့ကြောင်း အီရန် ပြောကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 43 Views
Aljazeera- ၂၀၂၆ခုနှစ်၊ မေလ ၈ရက် အီရန်အစိုးရရုပ်သံလိုင်းက IRGC တပ်ဖွဲ့ဝင်များ ဘာဘေးဒိုးစ်အလံတင် Ocean Koi သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းပြီး ထိန်းသိမ်းလိုက်သည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သည်။ အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် အိုမန်ပင်လယ်ကွေ့အတွင်း
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေတဲ့ ထရမ့် မိမိရဲ့ ဗျူဟာနဲ့ ချောက်ပိတ်မိနေ

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 63 Views
CNN- ၂၀၂၆ခုနှစ်၊ မေလ (၇)ရက် အကယ်၍ စကားလုံးများဖြင့် စစ်တိုက်၍ရပါက ဒေါ်နယ်ထရမ့်၏ အီရန်ပဋိပက္ခမှာ ဟိုးယခင် ကတည်းက ပြီးဆုံးသွားလောက်ပြီ ဖြစ်သည်။ သို့သော် သမ္မတသည် တစ်လခွဲထက်မပိုစေရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ ၁၀ ပတ်မြောက်အထိ
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံအနေနဲ့ အီရန်ကို ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုဖို့ တွန်းအားပေးနိုင်မလား။ အပြန်အလှန် တစ်ခုခုရမှသာ ဖြစ်နိုင်ပါလိမ့်မယ်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 48 Views
CNN- ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ပေကျင်းမြို့ — အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံ မြို့တော်သို့ မလာရောက်မီ ရက်ပိုင်းအလိုမှာပဲ အီရန်ထိပ်တန်း သံတမန်၏ ပေကျင်းခရီးစဉ် ပေါ်ပေါက်လာခြင်းက အဓိကမေးခွန်းတစ်ခုကို မီးမောင်းထိုးပြနေသည်-
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

တောင်ပိုင်းလက်ဘနွန်တစ်ခွင် တိုက်ခိုက်မှုများပြုလုပ်ကြောင်း အစ္စရေးစစ်တပ် ကြေညာချက်ထုတ်ပြန်စဉ်အတွင်း ကျေးရွာသူကြီးအပါအဝင် ၆ ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 42 Views
CNN-၂၀၂၆ခုနှစ်၊ မေလ၆ရက် လက်ဘနွန်နိုင်ငံအတွင်း အစ္စရေး၏ အသစ်တစ်ဖန် တိုက်ခိုက်မှုများကြောင့် လူ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန် အမျိုးသားသတင်းအေဂျင်စီ (NNA) က ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးစစ်တပ်သည်