နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဓားစာခံများအားလုံးကို မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ထပ်လောင်းပြောဆို

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်။

နိုဝင်ဘာ ၁၂ ရက်နေ့ CNN နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အစ္စရေးဝန်ကြီးချုပ်နေတင်ယာဟုက ဓားစာခံများအားလုံးကို မလွှတ်ပေးပါက ဂါဇာကမ်းမြောင်ဒေသတစ်ဝှမ်း အပစ်အခတ်ရပ်စဲရေးကို သဘောတူမည်မဟုတ်ကြောင်း ၎င်း၏ ခိုင်မာသောရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသခံများကို ကယ်ထုတ်ရန် တိုက်ပွဲများ ပိုမိုကြာကြာ ဆိုင်းငံ့ထားရန် စဉ်းစားနိုင်သလားဟု အင်တာဗျူးတစ်ခုတွင် နေတန်ယာဟုက ” ဒါဟာ ယာယီ ဆိုင်းငံ့တာ မဟုတ်ပါဘူး။” “ ဟားမတ်စ်က သူတို့အပေါ် တိုက်ခိုက်မှုတွေ ရပ်သွားအောင် ဆိုင်းငံ့ထားဖို့ အဓိက ကြိုးစားနေပါတယ်။” ဟု ၎င်းက ပြောဆိုခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် ဟားမတ်စ်အဖွဲ့၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုကို တားဆီးရန် ပျက်ကွက်မှုအတွက် တာဝန်ယူမည်လားဟု မေးမြန်းရာတွင် ၎င်းသည် ခက်ခဲသော်လည်း တရား၀င်မေးခွန်းဖြစ်ကြောင်းနှင့် စစ်ပွဲပြီးပါက ဖြေမယ်ဟု ပြောကြားခဲ့ပါသည်။ “ အခုလိုအပ်နေတာက စစ်ပွဲနိုင်ဖို့ဆိုတဲ့ အောင်ပွဲပန်းတိုင်ကို အရောက်လှမ်းနိုင်ရေးကို ဦးတည်ပြီး နိုင်ငံတော်ကို စည်းလုံးညီညွတ်အောင် လုပ်ဖို့ပဲ” ဟု ၎င်းက ပြောဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေး၏ ရည်မှန်းချက်များမှာ (၁) ဟားမတ်စ်များကို ချေမှုန်းရန်နှင့် အလားတူတိုက်ခိုက်မှုများ ထပ်မံပြုလုပ်နိုင်သည့် စွမ်းရည်ကို ချေမှုန်းရန်၊ (၂) စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသကို အကြမ်းဖက်မှုများ ပြန်လည်မဖြစ်ပွားရန် အစ္စရေးစစ်တပ်က စီမံခန့်ခွဲရန်၊ (၃) စစ်ပွဲအပြီး ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ရန် ဆိုသည်မှာ အရပ်ဘက်အာဏာပိုင်များက စစ်မဲ့အင်အား ဖြတ်တောက်ခြင်း (လက်နက်ဖျက်သိမ်းခြင်း) နှင့် အကြမ်းဖက်မှုများကို မဖြစ်အောင်ပြုလုပ်ဖို့ သဘောတူညီချက် လိုအပ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ပါလက်စတိုင်းအာဏာပိုင်များက ဤအခြေအနေနှင့် မကိုက်ညီကြောင်း ပြောခဲ့သည်။

ဂါဇာကမ်းမြှောင်ရှိ အကြီးဆုံးဆေးရုံဖြစ်သည့် ရှီဖာဆေးရုံကို တိုက်ခိုက်မှုနှင့် ပတ်သက်၍ ၎င်းက ယင်းဆေးရုံသည် ဟားမတ်စ်ဌာနချုပ်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့ပြီး အရပ်သားများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ထပ်မံတောင်းဆိုခဲ့သည်။ အစ္စရေးဘက်က ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေ ထူထောင်ထားတယ်ဟု ၎င်းက အလေးပေး ပြောကြားပြီး “ လူနာတွေကို ဖယ်ထုတ်လို့မရတဲ့ အကြောင်းပြချက် မရှိပါဘူး´´ ဟု ပြောကြားခဲ့သည်။

ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း အစ္စရေး စစ်တပ်က ၁၂ ရက်နေ့ တွင် ကြေညာခဲ့သော်လည်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက အဆိုပါ လမ်းကြောင်းမှတစ်ဆင့် မည်သူ့ကိုမျှ ကယ်ထုတ်နိုင်ခြင်း မရှိကြောင်း သိရသည်။

အစ္စရေးက ဂါဇာမြောက်ပိုင်းမှနေထိုင်သူများကို တောင်ဘက်သို့ ရွှေ့ပြောင်းရန် အမိန့်ပေးပြီးနောက် အရပ်သားသေဆုံးမှု အရေအတွက်ကို အနည်းဆုံးဖြစ်အောင် ထိန်းချုပ်ထားသည်ဟု နေတင်ယာဟုက အခိုင်အမာ ပြောကြားခဲ့သည်။

Source/Photo: CNN Japan

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ယီမင် အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း၏ အင်အားအကြီးဆုံး နိုင်ငံနှစ်ခု ယီမင်တွင် ထိပ်တိုက်တွေ့နေခြင်း-

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 26 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ယီမင်နိုင်ငံအတွင်း အီရန်၏ သြဇာလွှမ်းမိုးမှုကို ဟန့်တားရန် ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံတွင် အမျိုးသမီးအခွင့်အရေးများ သိသိသာသာ ဆုတ်ယုတ်လာနေပြီး နေတန်ယာဟု၏ လက်ယာစွန်းအစိုးရကြောင့်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများ ပြစ်တင်ရှုတ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 46 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျန်နဝါရီလ ၂ရက် ဂျေရုဆလင်မြို့ ။ ၎င်းတို့ကိုယ်ကို “ အနီရောင်ဝတ်စုံဝတ် အမျိုးသမီးများ” (Women in Red) ဟု ခေါ်ဆိုကြသည်။ ဂါဇာစစ်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် အစ္စရေးအစိုးရကို တိတ်ဆိတ်စွာ ဆန္ဒပြသည့်အနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ဆန္ဒပြသူများကို ကာကွယ်ရန် အမေရိကန်တွင် ‘အသင့်ပြင်ထားပြီးဖြစ်သည်’ ဟု ထရမ့်ပြောကြားသော်လည်း တပ်ဖြန့်မှုပမာဏ သိသိသာသာ ပြောင်းလဲခြင်းမရှိသေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 44 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက် အီရန်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်ပါက အမေရိကန်က အင်အားသုံး ကြားဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့ နံနက် အစောပိုင်းတွင် Truth Social မှတစ်ဆင့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသ၊ ခန်းယူနစ် အခြေအနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 67 Views
(AP)သတင်း၊ ဒီဇင်ဘာလ ၂၉ရက် ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း ဂါဇာကမ်းမြောင်ဒေသ၌ ဆောင်းမိုးများ အပြင်းအထန် ရွာသွန်းခဲ့ရာ၊ နှစ်နှစ်ကြာစစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူများ ခိုလှုံရာ ဒုက္ခသည်စခန်းများတွင် ခြေမျက်စိမြုပ်သည်အထိ ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ လပေါင်းများစွာ အသုံးပြုထား၍ စုတ်ပြဲနေသော တဲများအတွင်း
နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း အီဂျစ်

အမေရိကန်က ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေစဉ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီဂျစ်နှင့် ဒေါ်လာ ၃၅ ဘီလီယံတန်ဖိုးရှိ သဘာဝဓာတ်ငွေ့ သဘောတူညီချက်ကို ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 54 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၇ရက် တဲလ်အဗစ် (Tel Aviv) — အမေရိကန်ပြည်ထောင်စုက အစ္စရေးနှင့် အီဂျစ်ခေါင်းဆောင် နှစ်ဦးကြား ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရန် တွန်းအားပေးနေစဉ်အတွင်း၊ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီဂျစ်နိုင်ငံနှင့် ဒေါ်လာ ၃၅
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

BBC သတင်းဌာနသို့ ပါလက်စတိုင်းအမျိုးသားနှစ်ဦး၏ ထွက်ဆိုချက်အရ အစ္စရေးအကျဉ်းထောင်များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှိပ်စက်ညှဉ်းပန်းမှုများ ရှိနေကြောင်း ဖော်ပြထားသည့် သတင်းကို အကျဉ်းချုပ် ဘာသာပြန်ဆိုပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 69 Views
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၃ရက် အစ္စရေးအကျဉ်းထောင်များအတွင်း နှိပ်စက်ညှဉ်းပန်းမှု သတင်းအကျဉ်း အစ္စရေးအကျဉ်းထောင်များတွင် ပါလက်စတိုင်းအကျဉ်းသားများအပေါ် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိနေကြောင်း ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်တကြီး ထောက်ပြထားကြသည်။ ကိုယ်တွေ့ထွက်ဆိုချက်များ။* ဆာမီ အယ်လ်ဆေးအီ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းအရာရှိများက အစ္စရေးစစ်တပ်၏ လုံခြုံရေးနှင့် “ စစ်ဆင်ရေးလိုအပ်ချက်” ဟု အကြောင်းပြကာ သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) နယ်မြေအတွင်း ဆက်တိုက်ဖျက်သိမ်းရန် အမိန့်ပေးမှုများအပေါ် “ အတင်းအဓမ္မ နေရပ်စွန့်ခွာခိုင်းမှု” ဖြစ်လာ နိုင်ကြောင်း သတိပေးလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 91 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာဌာနက တူလ်ကာရန် (Tulkarem) အနီးရှိ နာရှမ်း (Nur Shams) ဒုက္ခသည်စခန်းမှ လူနေအဆောက်အအုံ ၂၅ လုံးကို ဖျက်သိမ်းရန် အစ္စရေးအာဏာပိုင် များ၏