၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။
တရုတ်နဲ့ စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်က မြီရှောင်ချန်၊ မြီကော်ဖျင်း(ခ) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့ကို လောက်ကိုင်မြို့မှာတွင် ဒီနေ့ နိုဝင်ဘာလ (၁၆) ရက် မနက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြီမိသားစုဝင်များတွေကို ဖမ်းဆီးစဉ် ဖခင်ဖြစ်သူ မြီရှောက်ချန်းသည် တရားမဝင် ကိုင်ဆောင်ထားတဲ့ ပစ္စတိုသေနတ်နဲ့ မိမိကိုယ်ကို ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိထားသူများအား ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်လောက်မှာ မြန်မာ-တရုတ်နယ်စပ်ရှိ ရန်လုံကျိုင်းနယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး မြီရှောက်ချန်းရဲ့ ရုပ်အလောင်းကိုတော့ တရုတ်နိုင်ငံဘက်ကို ယူဆောင်သွားခြင်းမရှိဘဲ လိုအပ်တာတွေကို စစ်ဆေးအတည်ပြုမှုများ ဆောင်ရွက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိသူများကို တရုတ်နိုင်ငံဘက်ကလည်း နိုဝင်ဘာ ၁၂ ရက်တွင် ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်ပြီး လွတ်မြောက်နေသူတစ်ဦးမှာ မြီကျွီလန် ဖြစ်ကြောင်း သိရသည်။