နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

1027 Operations

1027 Operations

ပေါက်တောတွင် စစ်ကောင်စီ ပစ်သတ်၍ သေဆုံးသူပြည်သူများအတွက် လက်တုန့်ပြန်သွားမည်ဟု AA သတိပေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်၊ ခေတ်မျက်လုံး။

မနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေက ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ဝင်ရောက်လာတဲ့ စစ်ကောင်စီက အရပ်သားတွေ သတ်ဖြတ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သေဆုံးခဲ့ရတဲ့ အရပ်သားတွေအတွက် များစွာဝမ်းနည်းရပြီး ကျူးလွန်သူတွေကို ရက္ခိုင့်တပ်တော် (AA) က လက်တုန့်ပြန် တိုက်ခိုက်သွားမယ်လို့ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

အရပ်သားတွေ သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး သေဆုံးခဲ့တဲ့ အရေအတွက်နဲ့ အသေးစိတ် အချက်အလက်တော့ မပါရှိပါဘူး။

ပေါက်တောမြို့ကို ချဉ်းကပ်လာတဲ့ စစ်ကောင်စီ စစ်ရေယာဉ်တွေက ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရက္ခိုင့်တပ်တော် (AA) က မနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ပေါက်တော မြို့မရဲစခန်း တစ်ခုလုံးကို သိမ်းပိုက်ရယူထားနိုင်ခဲ့ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ ငွေကြေးနဲ့ စစ်ဘက်၊ ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ချအညံ့ခံသောသူတွေကိုလည်း အသက်ချမ်းသာပေးပြီးနောက် တစ်ယောက်ကို ခရီးစရိတ် ၁၀ သိန်းစီပေးပြီး သူတို့သွားလိုရာကို လုံခြုံစွာ ပို့ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရက္ခိုင့်တပ်တော် (AA) မနေ့က တစ်နေ့တည်းမှာ “ တရွန်အိုင်ဗျူဟာ” ၊ “ နှုးဘူးဗျူဟာ” နဲ့ “ ဒုံးညို” စခန်းတွေကို နေရာ (၃) နေရာမှာ တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 2 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် တရုတ် ငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 12 Views
နိုဝင်ဘာလ (၁၉)ရက်။ ကိုးကန့်တပ်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ဒီကနေ့မှာ ငြင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ MNDAA ခေါင်းဆောင် ဖုန်တာရွှင်က တရုတ်ကိုလာပြီး ဆေးကုသဖို့ အရင်ထဲက လျှောက်ထားတာရှိခဲ့ပါတယ်။ အခုလဲ
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲခံရကာ ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 18 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က ည (၁၁)နာရီ (၄၇)မိနစ်အချိန်က ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည(၁၁)နာရီ (၄၇)မိနစ်လောက်
1027 Operations မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သားတွေသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 17 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က နောင်ချိုမြို့၊ တောင်ခမ်းအမြောက်တပ် (၃၅၄)နဲ့ (၉၀၂)တပ်စခန်းတို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၁၁) ခမရ(၂၁၃)တပ်ရင်းမှူး ဗိုလ်မှူးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 21 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 23 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ မြို့တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 20 Views
နိုဝင်ဘာလ (၁၃)ရက်။ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရှိုန်းက အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိမ်းပိုက်ထားတဲ့ မြို့နယ် (၁၂)မြို့နယ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်ဖို့