၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ခေတ်မျက်လုံး။
တော်လှန်ရေး ခုတုံးလုပ်ပြီး လက်နက်ပြ ဆက်ကြေးကောက်နေတဲ့ NUG အောက်က ကာကွယ်ရေးအမည်ခံ အဖွဲ့အစည်းတွေ ရွာတွေမှာ တွေ့ရတယ်လို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးက သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ထီးချိုင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လာရောက် တိုင်တန်းမေးမြန်းကြပေမဲ့ NUG နဲ့သာ သက်ဆိုင်နေတဲ့အတွက် NUG ဘက်ကို မေးမြန်းဖို့ တိုက်တွန်းခဲ့ကြောင်းနဲ့ အဲ့ဒီအဖွဲ့တွေနဲ့လည်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးကာကွယ်ရေးတပ်ဖွဲ့ဟာ သက်ဆိုင်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။
ဓာတ်ပုံ။
(၁) ထီးချိုင့်မြို့နယ်ပအဖ၏အခွန်ပြေစာ (ထီးချိုင့်ပြည်သူ့ကာကွယ်ရေး၏လူမှုကွန်ရက်စာမျက်နှာ)
(၂) ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ