၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။
နိုဝင်ဘာလ (၂၁) ရက်နေ့က PDF- Zoland က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ကနေဒီ စစ်ကောင်စီစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF- Zoland က ဖမ်းမိထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်သား (၁၁) ယောက်ကို အရှင်ဖမ်းမိထားတာကို ဓာတ်ပုံနဲ့တကွ ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
Jammer အပါအဝင် လက်နက်မျိုးစုံ (၂၄) လက်၊ 60 mm (၁) လက်နဲ့ ကျည်တွေကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ကနေဒီ စစ်ကောင်စီစခန်းသိမ်းပွဲမှာ PDF- Zoland ဘက်က ရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။