နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

တန့်ဆည်-ရေဦး ကားလမ်းပိုင်းကို သွားလာတာမလုပ်ဖို့ တန့်ဆည်-PDF သတိပေး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ခေတ်မျက်လုံး။

ဒီကနေ့မှာ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် တန်ဆည်-ရေဦး ကားလမ်းပိုင်းကို အသုံးပြုသွားလာတာမလုပ်ကြဖို့ တန့်ဆည်-PDF ရဲ့ သတိပေးထားချက်အရ သိရပါတယ်။

ဒီကနေ့ နံနက်ပိုင်းက ကန့်ဘလူ၊ ညောင်ပင်ဆိတ်ရွာဘက်ကနေ ထွက်လာတဲ့ ပျူစောထီး (၃၀)ဦးဟန့်ဟာ တန့်ဆည်အရှေ့ဘက်ခြမ်း ရွှေလမ်းဆုံကို ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ရေဦးမြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ကား(၄)စီးပါတဲ့ စစ်ကြောင်းကလည်း ရေဦးမြောက်ဘက် ဖိန်းကားကျေးရွာအနီး ချထားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုရက်ပိုင်း တန့်ဆည်မြို့နယ်ထဲ လေကြောင်းသတင်းတွေ အထူးသတိပြု ဂရုစိုက်ပြီးနေထိုင်ကြဖို့ တန့်ဆည်-PDF က အသိပေးထားပါတယ်။

ဒီကနေ့ နံနက်အစောပိုင်းက တန့်ဆည်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ထွေ/အုပ်ရုံးအပါအဝင် နေရာ (၄)ခုကို ကာကွယ်ရေးတပ်ဖွဲ့တွေက အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း အကျအဆုံးရှိခဲ့ကာ တန့်ဆည်မြို့ကို သိမ်းပိုက်တယ်ဆိုတာ သတင်းအမှားသာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်မယ့် PPP ကိုယ်စားလှယ်လောင်းရဲ့ ရိုက်နှက်တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 29 Views
နိုဝင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက
မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 30 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 28 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်မှာ
မြန်မာသတင်း

ဖရူဆိုနဲ့ ဒီမော့ဆိုမှာ စစ်တပ်ရဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားတောင်သူ (၃)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 29 Views
‌နိုဝင်ဘာလ (၅)ရက်။ ပြီးခဲ့တဲ့ထဲ ဖရူဆိုနဲ့ ဒီမော့ဆိုမြို့တို့မှာ အရပ်သားတောင်သူတွေ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းတဲ့ လုပ်ငန်းခွင်ကို စစ်တပ်က အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ ဖရုဆိုမြို့ရှိ
မြန်မာသတင်း

မတ္တရာမြို့ကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 58 Views
‌နိုဝင်ဘာလ (၄)ရက်။ မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးစတင်ချိန်ကထဲက အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်မယ့်အဖွဲ့လို့ ဆိုပါတယ်။ မတ္တရာမြို့နယ်ပကဖဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို
မြန်မာသတင်း

TNLA ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေ အစွမ်းကုန်ကာကွယ်မယ်လို့ PLA ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 54 Views
‌နိုဝင်ဘာလ (၄)ရက်။ တအာင်းတပ်(TNLA)ဆုတ်ခွာသွားမယ့် မြို့တွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက အစွမ်းကုန် ကာကွယ်သွားမယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) သတင်းနဲ့ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ TNLA ဆုတ်ခွာသွားရင် PLA၊ MDY-PDF၊ မိုးကုတ်ဗျူဟာ၊ ABSDF နဲ့
မြန်မာသတင်း

ပခုက္ကူ-ရေစကြိုလမ်းမမှာ ကားတွေဆီက ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သား ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 38 Views
‌နိုဝင်ဘာလ (၄)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ နံနက် (၇)နာရီခွဲအချိန်က ပခုက္ကူမြို့ လေယာဉ်ကွင်းထိပ်မှာ ကုန်ကားတွေဆီကနေ ပိုက်ဆံတောင်းနေတဲ့ စစ်ကော်မရှင်ရဲတပ်သားကို ပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ပြင်သစ်သမ္မတရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာ သားဖြစ်သူ ကိုထိန်လင်း လက်ခံရရှိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 22 Views
‌နိုဝင်ဘာလ (၄)ရက်။ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့ ပုဂ္ဂိုလ်ရေးစာကို သားဖြစ်သူ ကိုထိန်လင်းက လက်ခံရရှိခဲ့တယ်လို့ ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မကြာသေးခင်က ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ခရစ္စတန် လရှယ်ဗီနဲ့