နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 15 ရက်

1027 Operations

1027 Operations

“ ၁၀၂၇ စစ်ဆင်ရေး” အတွင်း စစ်ကောင်စီက တပ်စခန်း (၂၀၀) နီးပါးနဲ့ မြို့(၉)ခုကို ဆုံရှုံးခဲ့၊ ဓါတုဗုံးတွေနဲ့ပါ တိုက်ခိုက်နေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ခေတ်မျက်လုံး။

“ ၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း စစ်ကောင်စီက တပ်စခန်း (၂၀၀)နီးပါးနဲ့ မြို့နယ် (၉)ခုအထိ လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အထိနာနေတဲ့ စစ်ကောင်စီဟာ ဓါတုလက်နက်တွေဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ပြီး ဓါတုဗုံးတွေနဲ့ပါ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပေါ် (၃)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၁၈)ရက်နေ့က တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားတဲ့ တပ်စခန်းတစ်ခုကို ဓါတုဗုံးတွေ လာရောက်ပစ်ခတ်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင်တစ်ဦး အဆိပ်မိခဲ့တယ်လို့ ရေးသားထားပါတယ်။

နိုဝင်ဘာလ (၂၃)ရက်နေ့ ညနေ (၅)နာရီ (၁၈)မိနစ်ခန့်က ကိုးကန့်တပ်(MNDAA) သိမ်းပိုက်ထားတဲ့ နမ့်စလပ်တောင်ကုန်းစခန်းထဲကို ဓါတုအဆိပ်ဗုံး (၄)လုံး ပစ်ခတ်ခဲ့တာကြောင့် တပ်ဖွဲ့ဝင်အချို့ အဆိပ်တွေရှုမိပြီး ခေါင်းမူးတာနဲ့ အော့အန်တာတွေ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် နိုဝင်ဘာလ (၄)ရက်နေ့ကလည်း လားရှိုးမြို့က မိုင်းကျပ်စခန်းကို TNLA က ဝင်ရောက်သိမ်းပိုက်ခဲ့ချိန်မှာ စစ်ကောင်စီက ဓါတုဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MNDAA က ပြောပါတယ်။

အခုလို ရှမ်းမြောက်တိုက်ပွဲတွေမှာ ဓါတုဗုံးတွေ အသုံးပြုတိုက်ခိုက်နေတဲ့အပေါ် စစ်ကောင်စီကို အရေးယူပေးဖို့ TNLA က တောင်းဆိုထားကာ စစ်ကောင်စီဘက်ကတော့ သတင်းမှားသာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 42 Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ
1027 Operations

TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ကလေးငယ်တွေအပါအဝင် ပြည်သူ (၁၀)ဦးကျော်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 2 ရက်
  • 39 Views
ဩဂုတ်လ (၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မိုးကုတ်မြို့အနောက်ပိုင်း လူနေရပ်ကွက်ကို စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
1027 Operations

နောင်ချိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိထားနေထိုင်ဖို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 49 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်တဲ့အတွက် ပြည်သူတွေ လုံခြုံရေးသတိထားပြီး နေထိုင်သွားလာကြဖို့ TNLA က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလပိုင်းကစပြီး အခုလလယ်ပိုင်းအချိန်အထိ စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ထဲနဲ့ အနီးရှိ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့
1027 Operations

နောင်ချိုမြို့ကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်လော်ဘီတွေပြောနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 16 ရက်
  • 47 Views
ဇူလိုင်လ (၁၆)ရက်။ နောင်ချိုမြို့ တစ်မြို့လုံးနီးပါးကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီဆိုပြီး စစ်တပ်‌ထောက်ခံတဲ့ လော်ဘီချန်နယ်တွေက ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ပြောဆိုနေကြတယ်လို့ သိရပါတယ်။ နောင်ချိုမြို့ တမြို့လုံးနီးပါးအထိကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီဆိုတာကို စစ်လော်ဘီချန်နယ်တွေက သတင်းဓါတ်ပုံတွေနဲ့အတူ ဖော်ပြထားကြပါတယ်။ “
1027 Operations

မိုးကုတ်မြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်၊ ကလေးငယ် (၂)ဦးအပါအဝင် (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 46 Views
ဇူလိုင်လ (၁၄)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန် မိုးကုတ်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀)ဗုံး (၁)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည
1027 Operations

တရက်ထဲ နောင်ချိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးအပါအဝင် လက်နက်ကြီး စုစုပေါင်း (၁၀၀)နီးပါး တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 26 ရက်
  • 79 Views
ဇွန်လ (၂၆)ရက်။ မနေ့က တရက်ထဲ နောင်ချိုမြို့ရှိ ကျေးရွာအချို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံး (၂၈)လုံးနဲ့ လက်နက်ကြီး (၆၈)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာက နောင်ချိုမြို့ရှိ
1027 Operations

တအာင်းပြည်မှာ DPLF/DPLA ရဲ့ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်တဲ့အခမ်းအနား ပြုလုပ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 24 ရက်
  • 71 Views
ဇွန်လ (၂၄)ရက်။ ဇွန်လ (၂၁)ရက်နေ့က တအာင်းပြည်တနေရာမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ရဲ့ အပတ်စဉ် (၆) စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သင်တန်းထဲ ဓနုဒေသထဲရှိ ပြည်သူတွေကို ကာကွယ်နိုင်ဖို့၊ ရန်သူကို အမြဲသတိထားတတ်စေဖို့နဲ့ တိုက်ခိုက်ရေးကျွမ်းကျင်မှုရှိစေဖို့တို့ကို
1027 Operations

မိုးမိတ်မြို့မှာ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 77 Views
ဇွန်လ (၂၃)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီကျော်အချိန်ကစပြီး မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA နဲ့ SSPP/SSA တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဟောက်ကျေးရွာအုပ်စုထဲ TNLA က စစ်ကြောင်းထွက်ကင်းလှည့်နေတဲ့အချိန်