နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်မှာ စစ်ဆင်ရေးစတဲ့နေ့ကစပြီး စစ်ကောင်စီက အရပ်သား (၁၀၀)နီးပါးကို AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထား

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

ရခိုင်ဒေသထဲ စစ်ဆင်ရေးစတင်တဲ့နေ့ကစပြီး ရက္ခိုင့်တပ်တော်(AA)နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အရပ်သား (၁၀၀)နီးပါးကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ရခိုင်ဒေသထဲ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက် ဖမ်းဆီးလာခဲ့တယ်လို့ ဆိုပါတယ်။

စခန်းတွေ လက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီဟာ မိုက်ရူးရဲဆန်ပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေကာ ပြည်သူတွေရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ရတဲ့ဘက်ကနေ တားဆီးပိတ်ပင်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ စားနပ်ရိက္ခာကုန်စည်စီးဆင်းမှု၊ လမ်းပန်းဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ဖြတ်တောက်တာတို့အပြင် ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်တွေကိုပါ တင်းတင်းကြပ်ကြပ် ပိတ်ပင်လာတယ်လို့ ရေးသားထားပါတယ်။

နိုဝင်ဘာလ (၂၉)ရက် ည (၇)နာရီကျော်ခန့်ကစပြီး မင်းပြားမြို့၊ တိုင်းဗဟို(၉) စစ်ကောင်စီတပ်စခန်းက အနီးရှိ ကျေးရွာတွေကို လက်နက်ကြီးနဲ့ အဆက်မပြတ် တမင်တကာ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ညီနောင်(၃)ဖွဲ့က ပြောဆိုထားပါတယ်။

အဲ့ဒီလိုပစ်ခတ်ခဲ့တာကြောင့် မင်းပြားမြို့နယ်ရှိ အိုးပုံတောင်ရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ (၂)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ရာမာ (၂) (Rama II) လမ်းတွင် ကရိန်းပျက်ကျပြီး မြန်မာ ၃ ဦး၊ ထိုင်း ၁ ဦးသေဆုံး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 6 Views
နိုဝင်ဘာလ (၂၉) ရက်။ တနင်္လာနေ့ နံနက်စောစောပိုင်းက ရာမာ(၂) လမ်းတွင် ကရိန်းနှင့် ကွန်ကရစ် အစိတ်အပိုင်း ပြိုကျသဖြင့်လူ ၄ဦးသေဆုံးပြီး
မြန်မာသတင်း

ထီးလင်းမြို့ စခန်းကြီးတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးခဲ့၊ ထီးလင်းမြို့ကို အထိနာခဲ့တဲ့ စစ်ကောင်စီက အင်အားထပ်ဖြည့်ဖို့ရှိနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 6 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က နံနက် (၉)နာရီခန့်ကစပြီး ထီးလင်းမြို့ရဲ့ အရှေ့ဘက်မြို့အနီးရှိ စခန်းကြီးမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတက်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့
မြန်မာသတင်း

ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊ 

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 7 Views
စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာ ခါချဉ်တောင်ပေါ်တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ၊  စစ်ကောင်စီဘက်က (၄၀)ဦးသေဆုံးပြီး (၁၅)ဦးထက်မနည်း ဒဏ်ရာရခဲ့ နိုဝင်ဘာလ (၂၉)ရက်။ နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက် (၆)နာရီခွဲအချိန်က ခါချဉ်တောင်ပေါ်တက်လာတဲ့ အင်အား(၈၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို
1027 Operations မြန်မာသတင်း

မူဆယ်မြို့မှာ စစ်ကောင်စီက စက်သုံးဆီနဲ့ စားသောက်ကုန် သယ်ယူခွင့် ကန့်သတ်ပိတ်ပင်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 6 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့ကစပြီး မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီက ဒေသခံတွေရဲ့ စက်သုံးဆီနဲ့ စားသောက်ကုန်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့ကစပြီး မူဆယ်မှာ စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူတာကို
မြန်မာသတင်း

မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမ်းတွေ၊ ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖ သတိပေးချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 6 Views
နိုဝင်ဘာလ (၂၉)ရက်။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ ဝန်ထမခးတွေအပါအဝင် ဟိုတယ်နဲ့ တည်းခိုခန်းလုပ်ငန်းရှင်တွေကို မြို့နယ်ပလဖက ဒီကနေ့မှာ အသိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို အနိုင်ကျင့်ပြီး ငွေကြေးကောက်ခံနေတဲ့ လျှပ်စစ်ဝန်ထမ်း၊ အကောက်ခွန်ဝန်ထမ်း၊ ပတ်စ်ပို့ဝန်ထမ်းနဲ့
မြန်မာသတင်း

လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင်လုပ်ဖို့ NUG ဝန်ကြီးချုပ်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 6 Views
နိုဝင်ဘာလ (၂၉)ရက်။ ဒေသအလိုက် လက်နက်ကိုင်အင်အားစုတွေကို စုစည်းပြီး CoC တခုထဲက သွားနိုင်အောင် လုပ်ဆောင်ကြဖို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အဆင့်ဆင့်ဒေသက တာဝန်ရှိသူတွေက ဒေသအလိုက်
မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီမြေမြုပ်မိုင်းကြောင့် မိသားစုလိုက် ထိခိုက်ခဲ့ပြီး ဖခင်နဲ့ သမီးဖြစ်သူတို့ သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 6 Views
နိုဝင်ဘာလ (၂၉)ရက်။ မနေ့က မူးမြို့နယ်ရှိ ညောင်ပင်သာရွာနဲ့ ပေါက်ဇလုပ်ရွာကြားမှာ စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ KSPN ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မူးမြို့ ညောင်ပင်သာနဲ့ ပေါက်ဇလုပ်ရွာကြားက လမ်းပိုင်းမှာ စစ်ကောင်စီ‌ထောင်ထားတဲ့
မြန်မာသတင်း

ဒီနေ့တိုးတက်လာနေတဲ့နိုင်ငံရေး အခြေအနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 29 ရက်
  • 10 Views
ဒီနေ့တိုးတက်လာနေတဲ့နိုင်ငံရေး အခြေအနေကို ပင်တိုင်ဆွေး‌နွေးသူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့နှစ်ဦးက(၁) အဝေးရောက်အစိုးရ မဖြစ်အောင် NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်း ပြန်လာဖို့ ယာယီသမ္မတကြီးရဲ့တိုက်တွန်းချက်အပေါ် သုံးသပ်ချက် (၂) လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ရှိတယ်လို့ တအာင်းအဖွဲ့