နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အာဏာသိမ်းတာကိုထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ ခေတ္တဥက္ကဋ္ဌ ဦးသန်းထွန်း သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။

ဒီကနေ့ နံနက် (၈)နာရီခွဲခန့်က ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့မှာ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ရဲ့ ခေတ္တဥက္ကဌ ဦးသန်းထွန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့ပြပျောက်ကြားအဖွဲဖြစ်တဲ့ ငမိုးရိပ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

NNDP ပါတီရဲ့ ခေတ္တဥက္ကဌကို သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း(၃)၊ (၃)လမ်းရှိ မိတ္တူဆိုင်မှာ လူငယ်နှစ်ဦးက မိတ္တူဆွဲမည်ဟုဆိုကာ ဆိုင်ထဲဝင်လာပြီး သေနတ်နဲ့ (၄)ချက်ခန့် ပစ်ခတ်သွားခဲ့တယ်လို့ စစ်ကောင်စီရဲ့တယ်လီဂရမ်ချန်နယ်တွေက ဆိုပါတယ်။

ဦးသန်းထွန်းဟာ စစ်အာဏာသိမ်းတာကို ပေါ်ပေါ်တင်တင် ကြေညာချက်ထုတ်ပြီး ထောက်ခံခဲ့တဲ့ NNDP ပါတီရဲ့ ဦးဆောင်သူဖြစ်ပြီး စစ်အာဏာသိမ်းခဲ့ပါက တပ်မတော်ကို ထောက်ခံရမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း ငမိုးရိပ်အဖွဲ့က ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲမကျင်းပမီ (၃)လအလိုမှာ ကြံ့ခိုင်ရေးပါတီ ဦးဆောင်စီစဉ်တဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ (၃၄)ပါတီတွေ့ဆုံခဲ့ချိန်မှာလည်း ရွေးကောက်ပွဲ မတရားခဲ့ပါက ဝင်ဖြေရှင်းပေးဖို့(လိုအပ်ပါက အာဏာသိမ်းဖို့)ပါတီခေါင်းဆောင်အချို့က အကူအညီတောင်းခံခဲ့တဲ့ထဲမှာ ၎င်းရဲ့ပါတီလဲ ပါဝင်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဦးသန်းထွန်းဟာ ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော် ဖမ်းမိချိန်ကလည်း သေဒဏ်ပေးဖို့နဲ့ သတ်ပစ်ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သူဖြစ်ကာ စစ်တပ်က ကြိုးပေးကြောင်းထုတ်ပြန်ချိန်မှာ လူမှုကွန်ရက်စာမျက်နှာကတဆင့် အောင်ပွဲခံခဲ့သေးတယ်လို့ ငမိုးရိပ်အဖွဲ့က ပြောဆိုထားပါတယ်။

စစ်တပ်က တိုင်းရင်းသားနယ်မြေတွေအပေါ် ဗုံးကြဲတာတွေကိုလည်း မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့ အမြစ်ပါမကျန် မြေလှန်သင့်တယ်လို့ ကြွေးကြော်ခဲ့ကာ စစ်တပ်ရဲ့ အင်အားသုံးအကြမ်းဖက်တာတွေကို ထောက်ခံအားပေးသူဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

အာဏာမသိမ်းခင်မှာ NNDP ပါတီရဲ့ ဥက္ကဌအနေနဲ့ ဦးသိန်းညွန့်က တာဝန်ယူထားပြီး အာဏာသိမ်းပြီးချိန်မှာ စစ်ခေါင်းဆောင်က ဦးသိန်းညွန့်ကို စစ်ကောင်စီအဖွဲ့ဝင်အနေနဲ့ ခန့်အပ်လိုက်တာကြောင့် ပါတီခေတ္တဥက္ကဌအဖြစ် ဦးသန်းထွန်းက တာဝန်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 28 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 30 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 125 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 24 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 34 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 34 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ